Krrish 3 (2013)

Download α€œုပ်α€›α€”် ➤➤ Download (720p)

Telegram Link ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar


Krrish 3 (2013)

IMDb (5.4/10)….Rotten Tomatoes(83%)

ထိα€”္α€’ိα€š α€žိပ္ပံα€”ဲ့ α€…ွα€”့်α€…ား α€™ှု တွေပါ ဝင်တဲ့ super hero ဇာတ်α€€ား တစ်α€€ား α€–ြα€…်တဲ့ Krrish 3 α€Ÿာ ထောα€€်တိုα€˜ာ ၃၁ α€›α€€်α€”ေ့ကထွα€€်α€›ှိခဲ့ပါ ပြီ။ ထနောα€€်တိုင်း animated α€›ုပ်α€›ှင်α€€ား တွေα€€ို α€šှဉ်α€”ိုင်တဲ့ Bollywood α€›ုပ်α€›ှင် တွေα€›ဲ့ ထဆင့်ထတန်းα€€ို α€–ော်ပြα€”ိုင်တဲ့ super hero ဇာတ်α€€ား တစ်α€€ား α€–ြα€…်ပါ α€α€š်။ ထရင် ဇာတ်α€€ားတွေ α€–ြα€…်တဲ့ Koi….Mil Gaya (2003) ထဓိပ္ပါα€š် ကတော့ I…found someone α€”ဲ့ α€žူ့α€›ဲ့ α€”ောα€€်ဆက် တွဲ Krrish (2006) တို့α€Ÿာα€œα€Š်း ထောင်α€™ြင်ခဲ့ တဲ့ဇာတ်α€€ားတွေα€–ြα€…်ပါα€α€š်။ ပထမဇာတ်α€€ား α€™ှာ တော့ ထိα€”္α€’ိα€š α€”ိုင်ငံ Kasauli α€™ြို့α€œေးα€™ှာ Rohit (α€›ိုα€Ÿα€…်) ဆိုတဲ့ ဉာဏ်α€›α€Š် α€™α€™ီတဲ့ α€€α€œေးα€…ိတ်မပျောα€€်α€žေးတဲ့α€€ောင်α€œေးတစ်α€šောα€€် α€”ဲ့ α€žူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer α€€ ထာα€€α€ž ထဲα€€ိုα€œွှတ်α€œိုα€€်တဲ့ α€›ေα€’ီα€šို α€œှိုင်းတွေα€€ြောင့် α€›ောα€€်α€œာတဲ့ ဂြိုα€œ်α€žား α€œေး jadoo (ဂျာα€’ူး) တို့ α€›ဲ့ထကြောင်းပါ ။ α€”ောα€€်ပိုင်းတွေ α€™ှာ jadoo α€›ဲ့ ထကူα€‘α€Šီα€”ဲ့ α€žူချα€…်α€”ေတဲ့α€€ောင်α€™α€œေး Nisha (α€”ီα€›ှာ) α€€ို α€€ြိုးα€…ားပုံ တွေ jadoo α€›ဲ့ α€…ွα€™်းထားတွေ α€œα€€်ခံ ထပြီး ထရင်ပုံ α€…ံα€”ဲ့ ဆန့်α€€ျင်α€–α€€် α€œုံးα€œုံး α€–ြα€…်α€žွားပုံ တွေα€€ိုတွေ့α€™ြင်α€›α€™ှာပါ။ α€’ီဇာတ်α€œα€™်းα€€ျောα€›ိုး α€Ÿာ 1982 α€€ Hollywood α€”ာα€™α€Š်α€€ျော်ဇာတ်α€€ား E.T , the Extra-Terrestrial α€›ဲ့ α€œွှα€™်းα€™ိုးα€™ှုတွေ ထများα€€ြီး α€›ှိα€α€š် α€œို့ ဝေα€–α€”်ခြင်းတွေ ခံခဲ့ရပါα€α€š်။ Rohit α€”ောα€€်α€žူ့ α€žား Krrishna (α€€α€›α€…်α€›ှ်α€”ာ) α€›ဲ့ ထကြောင်း ကတော့ α€œုံး၀ α€œူα€…ွα€™်းα€€ောင်းဇာတ်α€›ုပ် ထဖြα€…်α€€ူး ပြောင်းα€žွားပါα€α€š်။ Krrish ဇာတ်α€€ား ထဲα€™ှာတော့ Krrishna တစ်α€šောα€€် α€Ÿာ ထဖေ α€›ော ထမေα€›ော α€™α€›ှိ တော့α€˜ဲထဖွားα€–ြα€…်α€žူ Sonia (ဆိုα€”ီα€šား) α€”ဲ့ ထိα€”္α€’ိα€š α€™ြောα€€်ပိုင်းα€€ တောင်ပေါ်α€›ွာ α€œေးတစ်α€›ွာα€™ှာ ဇာတ်α€™ြှုပ်α€”ေα€”ေα€›ာကစပါα€α€š်။ Sonia α€€ α€žားα€–ြα€…်α€žူ α€›ဲ့ α€žα€˜ာα€α€œွα€”် α€…ွα€™်းထား တွေα€€ြောင့် α€žားα€›ော ချွေးမပါ ဆုံးα€›ှုံးခဲ့ရတဲ့ထတွα€€် ထဖေ့ထမွေ ရထားတဲ့ α€™ြေးα€œေး Krrishna α€€ို
ထစွα€™်းတွေ ထုတ်α€™α€žုံးα€–ို့ တားခဲ့α€›ာα€€ Krrishna α€€ ထဖွားα€‘α€žိထောင် တောင်ပေါ်α€™ှာ α€žူ့α€›ဲ့ α€…ွα€™်းထား တွေα€€ို ခိုးပြီး α€œေ့α€€ျင့်ရင်းတောင်တက်ထဖွဲ့α€€ α€™ြို့α€žူချောα€œေး Priya (ပရီα€šာ) α€€ို α€…ွဲα€œα€™်းပြီး α€™ြို့α€€ိုα€œိုα€€်α€žွားပါα€α€š်။ α€™ြို့ပြα€™ှာ Krrishna α€€ ဆပ်ကပ် ပွဲတစ်ခုα€›ဲ့ပေါα€€်α€€ွဲα€™ှုα€€α€”ေ α€œူα€€α€š်ရင်း α€žူ့α€…ွα€™်းထားတွေα€€ို α€œူα€žိမခံα€˜ဲ α€‘α€žုံးချα€–ို့ α€”α€Š်းα€œα€™်းတွေ့α€žွားပြီး ထနာဂတ်α€€ို α€Ÿောα€”ိုင်တဲ့ α€…α€€်တစ်α€œုံးα€α€Š်ဆောα€€်α€™ှုα€™ှာ α€‘α€žုံးချα€–ို့ α€–α€™်းဆီးခံထားရတဲ့ α€žူ့ထဖေα€€ို α€€α€š်တင်α€–ို့α€€ြိုးα€…ားပုံတွေα€€ိုα€œα€Š်း တွေ့ α€›α€™ှာပါ။ ထခု Krrish 3 α€™ှာတော့ Rohit α€”ဲ့ Krrishna တို့α€žားα€‘α€–α€Ÿာ α€™ွα€”်α€˜ိုင်းα€™ြို့α€™ှာ α€žူတို့α€›ဲ့ ထစွα€™်းထစတွေα€”ဲ့ α€€α€™္α€˜ာα€€ြီးα€€ို ထကြိုးပြုα€”ေα€€ြပါα€α€š်။ Rohit α€€ α€žေα€žူα€€ိုα€‘α€žα€€်ပြα€”်α€žွင်းα€”ိုင်တဲ့ α€…α€€်α€€ြီးတစ်α€œုံးα€α€Š်ဆောα€€်α€”ေပြီး Krrishna ကတော့ Priya α€”ဲ့ α€œα€€်ထပ်ပြီး Krrish တစ်α€–ြα€…်α€œဲ ထနေα€”ဲ့α€’ုα€€္ခရောα€€်α€”ေα€žူ တွေα€€ို α€€ူα€Šီα€œျှα€€်α€›ှိပါα€α€š်။ α€žူတို့ရင်ဆိုင်α€› α€™α€š့် α€…ူပါα€—ီα€œိα€”်ကတော့ Dr.Kaal α€–ြα€…်ပါα€α€š် ။ ထာα€–α€›ိα€€ α€˜α€€်α€™ှာပြα€”့်α€”ှံ့α€”ေတဲ့ α€—ိုင်းရပ်α€…် α€€ α€™ွα€”်α€˜ိုင်းα€€ိုပြα€”့်α€”ှံ့α€œာα€”ေပြီး α€–ြေဆေးα€€ို Rohit α€€ ထချိα€”်α€™ီα€›ှာα€›α€™ှာပါ။ ပြီးတော့ Dr.Kaal α€›ဲ့ α€œူတစ်ပိုင်း တိα€›ိα€…္ဆာα€”်တစ်ပိုင်း Maanvars α€œို့ခေါ်တဲ့ Mutant တွေα€€ α€™ွα€”်α€˜ိုင်းα€™ြို့α€€ြီးα€›ဲ့ α€€α€š်တင်α€›ှင် Krrish α€€ို တိုα€€်ခိုα€€်ပုံတွေ α€€ို α€‘α€žα€Š်းα€α€šားα€šားα€”ဲ့
α€€ြα€Š့် α€€ြα€›α€™ှာပါ။ α€žေα€žα€•်α€œှတဲ့ Animation effect တွေα€”ဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့ ဦဆောင်ထားပြီး α€’ါα€›ိုα€€်တာ Rakesh Roshan α€›ဲ့ α€œα€€်α€›ာα€€ားα€€ောင်းတစ်α€€ားပါ။ Hrithik α€€ Rohit α€›ော Krrishna ထဖြα€…်ပါ α€žα€›ုပ်ဆောင်ထားပါα€α€š်။ Priyanka Chopra ကတော့ Priya ထဖြα€…်α€žα€›ုပ်ဆောင်ထားပါα€α€š်။

(α€›ုပ်α€›ှင်α€‘α€Šွှα€”်းα€€ို Channel D α€™ှα€€ူးα€šူα€–ော်ပြပါα€žα€Š်။)

Comments