The Matrix Collection

01 - The Matrix (1999)

02 - The Matrix Reloaded (2003)

03 - The Matrix Revolutions (2003)

04 - The Matrix Resurrections (2021)

Matrix α€žα€™ိုင်းထကျဉ်း၂၁ α€›ာα€…ု α€‘α€œα€š်ပိုင်းα€œောα€€်α€™ှာ α€œူα€žားတွေα€Ÿာ α€…ိα€€်α€‘α€žိဉာဏ် AI α€€ို တီထွင်ခဲ့ပါα€α€š်။ α€œူα€žားတွေα€€ိုα€š်α€…ား α€‘α€œုပ်တွေထကုα€”်ခိုင်းα€œို့ရတဲ့ α€…α€€်တွေပေါ်α€œာပြီး α€œူတွေထကုα€”် α€‘α€œုပ်α€œုပ်α€…α€›ာα€™α€œိုα€˜ဲ α€”ှပ်α€”ေα€œို့α€›α€œာတာပေါ့။ α€’ါပေα€™ဲ့ α€‘α€žိဉာဏ်α€›ှိα€œာတဲ့ α€…α€€်တွေα€€α€œα€Š်း α€œူတွေα€Ÿာ α€žူတို့α€€ို ခိုင်းα€…α€›ာ ပစ္α€…α€Š်းα€žα€€်α€žα€€်α€œိုပဲ α€žα€˜ောထားတာα€€ို α€™α€€ျေနပ်α€”ိုင်ပဲ ဆန္ဒပြတာα€™ျိုးတွေ α€–ြα€…်α€œာပါα€α€š်။ ထကြီးဆုံးပြα€Ώα€”ာα€€ို ထစပြုα€…ေခဲ့တာကတော့ B1-66ER ဆိုတဲ့ ထိα€™်ထကူα€…α€€်α€›ုပ်α€Ÿာ α€žူ့α€€ိုα€–ျα€€်ဆီးပြီးα€‘α€žα€…်ထစားထိုးတော့α€™α€š့် ထိα€™်α€›ှင်တွေα€€ို α€žα€်α€–ြတ်ခဲ့တဲ့ထမှုပါပဲ။ α€’ီထမှုα€€ို တရားα€›ုံးα€™ှာ B1-66ER α€€ α€™ိα€™ိα€€ိုα€š်α€€ိုα€š်ခုခံα€€ာα€€ွα€š်α€α€š်α€œို့ ထွα€€်ဆိုခဲ့ပါα€α€š်။ α€žူα€™α€žေချင်ပါα€˜ူးတဲ့။ α€œူα€žားα€›ှေ့α€”ေα€€α€œα€Š်း α€€ူα€Šီခဲ့ပေα€™ဲ့ ထမှုα€›ှုံးခဲ့ပြီး α€…α€€်α€›ုပ်α€Ÿာ α€–ျα€€်ဆီးခံα€œိုα€€်ရပါα€α€š်။ ထဲα€’ီα€”ောα€€်α€™ှာတော့ α€…α€€်α€›ုပ်ထခွင့်ထရေးထတွα€€် α€…α€€်α€›ုပ်တွေα€›ော α€…ာα€”ာတတ်တဲ့α€œူα€žားတွေα€›ောα€€ တစ်α€”ိုင်ငဲံα€œုံးα€™ှာ ဆန္ဒပြခဲ့α€€ြပါα€α€š်။ ဆန္ဒပြတဲ့α€œူတွေα€›ော α€…α€€်α€›ုပ်တွေα€›ောα€€ို α€œူα€žားထဓိကဝါα€’ီတွေα€€ α€›α€€်α€›α€€်α€…α€€်α€…α€€်α€”ှိα€™်နင်းခဲ့တဲ့ထပြင် α€…α€€်α€›ုပ်တော်α€œှα€”်α€›ေးα€€ြီး α€–ြα€…်α€œာα€™ှာα€€ို α€…ိုးα€›ိα€™်တဲ့ α€€ုα€œ UN α€€ α€…α€€်α€›ုပ်ထားα€œုံးα€€ို α€–ျα€€်ဆီးα€–ို့ α€›ုတ်တရက် α€œုပ်ဆောင်α€œိုα€€်ပါတော့α€α€š်။ α€’ီα€–ြα€…်စဉ်α€€ြီးα€™ှာ α€‘α€žα€€်α€›ှင်α€€ျα€”်ခဲ့တဲ့ α€…α€€်α€›ုပ်α€‘α€”α€Š်းα€…ုα€Ÿာ α€œူတွေα€”ဲ့ ထတူα€šှဉ်တွဲα€”ေထိုင်α€–ို့α€€ိုα€œα€€်α€œျှော့ပြီး α€™ီဆိုပိုတေးα€™ီးα€šားဆိုတဲ့ α€œွတ်α€™ြောα€€်α€”α€š်α€™ြေα€€ို ထွα€€်α€žွားခဲ့α€€ြα€α€š်။ ထဲα€’ီα€™ှာပဲ 01 ဆိုတဲ့ ပထမဆုံး α€…α€€်α€›ုပ်α€”ိုင်ငံ ပေါ်ပေါα€€်α€œာပါတော့α€α€š်။ 01 α€Ÿာ α€žူတို့α€€ိုα€š်α€žူတို့ ပိုα€‘α€žိဉာဏ်α€›ှိα€œာထောင် α€–α€”်တီးခဲ့α€žα€œို α€œူတွေα€œိုထပ်တဲ့ α€…α€€်တွေ α€”α€Š်းα€•α€Šာတွေα€€ိုα€œα€Š်း ပြα€”်α€›ောင်းα€…ားပြီး တဖြα€Š်းα€–ြα€Š်းα€”ဲ့ α€…ီးပွားα€›ေးα€™ှာ α€œူတွေထက် ထဆမတန် ထင်ထားα€€ြီးα€œာခဲ့ပါα€α€š်။ α€œူα€žားငွေα€€ြေးတန်α€–ိုးတွေα€œα€Š်း α€€ျဆင်းပြီး ထင်ထားချα€Š့်α€”ဲ့α€œာတဲ့ထတွα€€် UN α€€ 01 α€€ို α€…ီးပွားα€›ေးပိတ်ဆို့ခဲ့α€α€š်။ α€’ါα€€ို α€Šှိα€”ှိုင်းα€–ို့ α€›ောα€€်α€œာတဲ့ α€…α€€်α€›ုပ်α€žံတမန်တွေα€€ိုα€œα€Š်း တိုα€€်ခိုα€€်α€–ျα€€်ဆီးခဲ့α€α€š်။ ထဲα€’ီα€”ောα€€်α€™ှာ UN α€€ α€…α€€်α€›ုပ်α€”ိုင်ငံα€€ို α€œα€€်ဦးα€™ှုα€šူ တိုα€€်ခိုα€€်ခဲ့ပြီး ၂၂ α€›ာα€…ု α€‘α€œα€š်α€œောα€€်α€™ှာ α€…α€…်ပွဲα€€ြီးစတင်ခဲ့ပါα€α€š်။ α€’ါ့ထပြင် ထနုα€™ြူα€”ဲ့ပါ α€œα€€်ဦးထောင် ထုခဲ့ပါα€α€š်။ α€’ါပေα€™ဲ့ α€…α€€်α€›ုပ်တွေα€€ α€œူတွေထက်ပိုα€™ာတဲ့ ထတွα€€် α€™ျိုးမပြုတ်ခဲ့ပါα€˜ူး။ ထဲα€’ီα€™ှာ α€™ျိုးမပြုတ်α€˜ဲ α€€ျα€”်ခဲ့တဲ့α€…α€€်α€›ုပ်တွေα€Ÿာ တစ်α€€α€™္α€˜ာα€œုံးα€€ α€…α€€်တွေα€€ို α€…ုα€…α€Š်းပြီး ပြα€”်ထိုးα€…α€…်ဆင်ပါတော့α€α€š်။ ထရှေ့α€‘α€œα€š်ပိုင်း α€₯α€›ောပ ထရှေ့ပိုင်းတွေα€€ိုပါ α€žိα€™်းပိုα€€်α€œာα€”ိုင်ခဲ့α€α€š်။ ထရေးα€”ိα€™့်α€œာတဲ့α€œူα€žားတွေα€Ÿာ ထမှောင်α€™ုα€”်တိုင်းα€œို့ ခေါ်တဲ့ α€…α€…်ဆင်α€›ေးတစ်ခုα€€ို α€œုပ်ခဲ့α€α€š်။ α€’ါကတော့ α€…α€€်α€›ုပ်တွေα€›ဲ့ ထဓိα€€α€…ွα€™်းထင်ရင်းα€™ြα€…်α€–ြα€…်တဲ့ α€”ေα€€ို α€–ြတ်တောα€€်α€–ို့ပါပဲ။ α€€α€™္α€˜ာ့α€œေထုထကာတစ်ခုα€œုံးα€€ို α€”ာα€”ိုα€—ုံးတွေα€”ဲ့α€–ောα€€်ခွဲပြီး တိα€™်α€™α€Š်းα€€ြီးတွေ α€–ုံးα€žွားထောင်α€œုပ်ပြီး α€€α€™္α€˜ာပေါ်α€™ှာ α€”ေα€›ောင်ပျောα€€်α€€ွα€š်α€žွားထောင်α€œုပ်ခဲ့တာပါပဲ။ α€’ီα€…α€…်ဆင်α€›ေးα€€ြောင့် α€…α€€်α€›ုပ်တွေထင်ထားချိα€”ဲ့α€žွားပေα€™ဲ့ α€™α€€ြာခင်α€™ှာပဲ ထနုα€™ြူα€…ွα€™်းထင်α€€ို ထစားထိုးပြီး ပြα€”်ထင်ထားα€™ျားα€œာခဲ့α€α€š်။ပြီးတော့ α€œူα€žားပုံα€…ံα€…α€€်α€›ုပ်တွေα€€ိုα€™α€žုံးတော့α€˜ဲ ပိုပြီးတိုα€€်ခိုα€€်α€”ိုင် ထားα€žုံးα€”ိုင်တဲ့ α€…α€”်တီα€”α€š်α€œို α€…α€€်α€›ုပ်တွေα€€ို α€žုံးα€œာခဲ့α€α€š်။α€œူα€žားတွေ ထကျထဆုံးα€™ျားပြီး ငတ်α€™ွတ်α€œာတဲ့ထချိα€”်α€™ှာတော့ UN α€›ဲ့α€›ှေ့α€€ို α€…α€€်α€›ုပ်α€žံတမန်α€”ောα€€်တစ်ခေါα€€်α€›ောα€€်α€œာပါတော့α€α€š်။ α€’ီတစ်ခါα€™ှာတော့ α€…α€€်α€›ုပ်α€žံတမန်α€€ ထွေထွေထူးထူးα€Šှိα€”ှိုင်းα€™α€”ေတော့ပါα€˜ူး။ α€žူ့α€€ိုα€š်α€žူα€–ောα€€်ခွဲပြီး α€€α€™္α€˜ာခေါင်းဆောင်ထားα€œုံးα€”ဲ့ α€”α€šူးα€šောα€€်α€™ြို့α€€ြီးα€€ို α€–ျα€€်ဆီးပစ်α€œိုα€€်ပါတော့α€α€š်။ ခေါင်းဆောင်α€™α€›ှိတော့တဲ့ တပ်တွေα€€ိုα€œα€Š်း α€…α€€်α€›ုပ်တပ်တွေα€€ α€‘α€žာα€‘α€šာထနိုင်α€šူပြီး α€œူα€žားတွေ α€€ျဆုံးα€žွားခဲ့ပါတော့α€α€š်။ α€’ါ့ထပြင် α€…α€€်α€›ုပ်တွေα€Ÿာ α€”ေ α€”ဲ့ ထနုα€™ြူα€…ွα€™်းထင်ထပြင် α€”ောα€€်ထပ် α€…ွα€™်းထင်ရင်းα€™ြα€…်တစ်ခုα€€ို တွေ့α€›ှိα€œာခဲ့ပါα€α€š်။ α€’ါကတော့α€œူα€žားတွေα€€ို α€–α€™်းဆီးထားပြီး α€žူတို့ α€€ိုα€š်α€€α€”ေ α€œျှပ်α€…α€…်α€…ွα€™်းထင်တွေ ထုတ်α€šူတာပါ။ ထဆုံးα€™α€›ှိတဲ့α€€ွင်းပြင်α€€ြီးတွေထဲα€™ှာ α€œူα€žားတွေ α€žα€”်းချီပြီး α€–α€™်းဆီးထားပြီး α€…ွα€™်းထင်ထုတ်α€šူပါတော့α€α€š်။ ထဲα€’ိα€–α€™်းဆီးထားတဲ့α€œူα€žားတွေα€›ဲ့ α€…ိတ်α€€ို ထကျဉ်းချα€–ို့ထတွα€€် Matrix α€€ို α€–α€”်တီးα€œိုα€€်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ α€œူα€žားတွေα€›ဲ့ α€…ိတ်α€€ို α€€ွα€”်ပြူတာα€…α€”α€…်ထဲα€€ို α€‘α€Š့်α€žွင်းထားပြီး ၁၉ α€›ာα€…ု ၂၀ α€›ာα€…ုခေတ်α€™ှာ α€žူတို့α€˜ာα€žာ α€‘α€žα€€်α€›ှင်α€”ေထိုင်α€”ေα€€ြα€žα€œို ထင်α€šောင်ထင်α€™ှား α€–ြα€…်α€…ေခဲ့တာပါ။(α€’ါကတော့ ၁ ၂ ၃ α€€ြα€Š့်ပြီးα€™ှ ဆက်ဖတ်α€žα€„့်ပါα€α€š်) Matrix α€›ဲ့ ပထမဆုံးα€—ားα€›ှင်းα€™ှာတော့ α€œူα€žားတွေα€Ÿာ α€œုံးဝပြီးပြα€Š့်α€…ုံပြီး α€œိုα€œေးα€žေးα€™α€›ှိတဲ့ α€€α€™္α€˜ာα€€ြီးထဲα€™ှာ α€”ေထိုင်ရတာပါ။ α€’ါα€€ို α€œူα€žားတွေα€›ဲ့α€…ိတ်α€€ α€–ြα€…်α€α€Š်α€™ှုထစစ်α€œို့ α€œα€€်မခံα€”ိုင်တဲ့ထတွα€€် Matrix ပထမဆုံးပရိုဂရမ် α€€ျα€›ှုံးα€žွားပါတော့α€α€š်။ α€’ီတော့ α€…α€€်α€›ုပ်တွေα€€ α€œူα€žားတွေα€€ို α€…α€…်တွေဆက်တိုα€€်α€–ြα€…်α€”ေပြီး α€’ုα€€္ခပင်α€œα€š်ဝေα€”ေတဲ့ Matrix တစ်ခုα€–α€”်တီးပေးပြα€”်ပါα€α€š်။ α€’ါα€€ိုα€œα€Š်း α€œူα€žားဦးα€”ှောα€€်α€€ α€œα€€်မခံပြα€”်ပါα€˜ူး။ α€”ောα€€်ဆုံးα€™ှာတော့ α€œူα€žားတွေα€›ဲ့α€˜α€α€‘α€…α€…်α€œို့ ထဓိα€€α€šုံα€€ြα€Š်α€…ေα€–ို့ α€œိုထပ်တဲ့ထရာα€Ÿာ Choice α€œို့ခေါ်တဲ့ α€›ွေးချα€š်α€™ှု α€›ှိα€α€š်α€œို့ ထင်ရတဲ့ α€€α€™္α€˜ာပဲဆိုတာ α€…α€€်α€›ုပ်တွေ α€žိα€žွားပါα€α€š်။ α€’ီတော့α€™ှ Matrix α€Ÿာ ထောင်α€™ြင်ပြီးα€œူα€žားတွေα€€ို α€–ြα€…်α€α€Š်α€™ှုထတုထဲα€™ှာ ထကျဉ်းချထားα€”ိုင်ပါတော့α€α€š်။ α€’ီ Matrix ထဲα€™ှာပဲ ရင်းα€™ြα€…်α€€ုတ်α€€ို ထိα€”်းချုပ်တဲ့ Architect α€—ိα€žုα€€ာဆိုတဲ့ α€œူα€€ို α€–α€”်တီးထားα€œိုα€€်α€α€š်။ ပြီးတော့ α€œူα€žားတွေα€€ိုα€œေ့α€œာပြီး ပြောင်းα€œဲပေးα€”ိုင်α€–ို့ α€›ှေ့α€–ြα€…်α€Ÿော Oracle ဆိုတဲ့ ပရိုဂရမ်တစ်ခုα€€ိုα€–α€”်တီးထားα€α€š်။ α€’ါပေα€™ဲ့ α€’ီ Matrix α€Ÿာα€œα€Š်း α€œူα€žား ၉၉ α€›ာα€”ှုα€”်းα€€ိုပဲ α€œှα€Š့်α€…ားα€”ိုင်ပါα€α€š်။ ၁ α€›ာခိုင်α€”ှုα€”်းကတော့ α€’ါα€Ÿာ ထတုα€‘α€šောင်α€œို့ α€žံα€žα€šα€α€„်α€œာတဲ့ ပရိုဂရမ်ချို့α€šွင်းချα€€်တွေα€–ြα€…်α€œာα€α€š်။ ထဲα€’ီ α€™α€€်ထရစ်α€€α€”ေ α€œွတ်α€™ြောα€€်α€œာပြီး Zion α€œို့ခေါ်တဲ့ α€”ောα€€်ဆုံးα€œူα€žားတိုင်ပြα€Š်α€€ို α€α€Š်ထောင်α€œာα€α€š်။ ပြီးတော့ α€’ီα€œူတွေကပဲ Matrix ထဲα€€ို ပြα€”်ဝင်α€œာပြီး α€œူα€žားထားα€œုံးα€€ို α€œွတ်α€™ြောα€€်ထောင် ပြα€”်တိုα€€်ခိုα€€်α€œာα€α€š်။ α€’ီα€œို error α€œူတွေα€€ို α€€ာα€€ွα€š်α€–ို့ ထေးဂျင့်ဆိုတဲ့ ထင်ထားα€€ြီးတဲ့ ပရိုဂရမ်α€™ျိုးတွေα€–α€”်တီးထားခဲ့α€α€š်။ α€’ီတော့ Matrix α€…α€”α€…် α€α€Š်ငြိα€™်α€–ို့ ထဲα€’ီ ချို့α€šွင်းα€€ုတ်တွေ ထားα€œုံးα€€ို α€žα€š်ဆောင်α€”ေတဲ့ ပရိုဂရမ်တစ်ခုα€€ို α€–α€”်တီးα€œိုα€€်α€α€š်။ The One ခေါ် Neo ပေါ့။ ထဲα€’ီ The One α€Ÿာ α€œူα€žားထားα€œုံးα€€ို α€€α€š်တင်α€™α€š့်α€žူα€œို့ Zion တွေ α€šုံα€€ြα€Š်α€…ေခဲ့α€α€š်။ α€’ါပေα€™ဲ့ ထဲα€’ီ The One α€›ဲ့ α€œα€™်းα€€ြောင်းα€Ÿာ α€”ောα€€်ဆုံးα€™ှာ α€—ိα€žုα€€ာဆီα€™ှာ ထဆုံးα€žα€်ပါα€α€š်။ Neo α€Ÿာ α€œူα€žားတွေα€€ို α€€α€š်တင်α€–ို့ α€žူ့α€€ိုα€š်α€žူ စတေးခံα€›α€™α€š်။ α€žူα€žေα€žွားချိα€”်α€™ှာ α€žူ့α€›ဲ့ α€™ူα€œ α€€ုတ်တွေထားα€œုံးα€€ို α€™ူα€œα€›α€„်းα€™ြα€…်α€€ုတ်ထဲα€€ို ပူးပေါင်းα€…ေပြီး Matrix α€€ို reload α€–ြα€…် ထစက ပြα€”်စတင်α€…ေတာပါ။ Zion ဆိုတဲ့ α€œူα€žားα€€α€™္α€˜ာα€€ိုα€œα€Š်း ထားα€œုံးပျα€€်α€…ီးα€…ေα€™ှာပါ။ မပျα€€်α€…ီးခင်α€™ှာ Neo α€€ို α€œူα€žား ၂၃ α€šောα€€်α€›ွေးချα€š်ခိုင်းပြီး Matrix α€‘α€žα€…်ပြα€”်α€… Zion α€‘α€žα€…်ပြα€”်စပြီး α€”ောα€€်တစ်α€–α€”် ထိα€”်းချုပ်α€œα€Š်ပတ်α€…ေတာပါ။ α€’ီα€œိုα€”ဲ့ Matrix α€›ဲ့ error တွေα€€ိုα€›ှင်းပြီး reload α€œုပ်ခဲ့တာ ငါးα€€ြိα€™်တိုင်ခဲ့ပါပြီ။ Neo ငါးα€šောα€€်α€œα€Š်း α€žေဆုံးပြီးခဲ့ပါပြီ။ ထခု Matrix α€›ုပ်α€›ှင်ထဲα€€ ၆ α€šောα€€်α€™ြောα€€် Neo ကတော့ မတူတဲ့α€œα€™်းα€€ို α€›ွေးခဲ့ပါα€α€š်။ ရင်းα€™ြα€…်α€€ုတ်ဆီα€™ှာ α€‘α€žေခံα€›α€™α€š့်ထစား α€žူ့ချα€…်α€žူ ထရစ်နတီα€€ို α€€α€š်တင်ခဲ့α€α€š်။ α€”ောα€€်ပြီးတော့ ဇိုင်α€›ွα€”်တွေ ပျα€€်α€…ီးα€›α€™α€š့်α€…ား α€…α€…်ပြေငြိα€™်းα€”ိုင်α€–ို့ α€…α€€်α€›ုပ်α€™ြို့တော်ထထိ α€›ောα€€်ထောင်α€žွားပြီး ထပေးα€‘α€šူα€œုပ်ပြီးα€™ှ α€‘α€žေခံခဲ့တာပါ။ α€’ီα€œိုα€”ဲ့ α€€α€™္α€˜ာα€€ျော် Matrix α€›ုပ်α€›ှင်တွေ ထဆုံးα€žα€်ခဲ့တာပါ။ α€’ီတစ်ခါတော့ Matrix ပြα€”်α€œα€Š်α€›ှင်α€žα€”်ခြင်းα€™ှာ α€˜ာတွေα€–ြα€…်α€œာα€™α€œဲ α€…ောင့်α€€ြα€Š့်α€œိုα€€်ရထောင်။

The Matrix ဇာတ်α€€ားထားα€œုံးα€€ို https://channelmyanmar.org/?s=the+matrix+neo  α€™ှာα€€ြα€Š့်ပါ။

 

Comments