The Covenant (2023)

Download α€œုပ်α€›α€”် ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar

The Covenant(2023)

Sherlock Holmes 2009 တို့ Alladin 2019 တို့α€€ိုα€›ိုα€€်ခဲ့တဲ့ α€’ါα€›ိုα€€်တာ Guy Ritchie α€›ဲ့ α€–ြα€…်ရပ်α€™ှα€”်ထခြေခံ α€…α€…်α€€ားα€‘α€žα€…်α€œာပါပြီ။ဇာတ်α€€ားα€”ာα€™α€Š် Covenant ဆိုတာကတော့ ကတိတစ်ခု α€žα€…္α€…ာတစ်ခုα€€ို ဆိုα€œိုတာပါပဲ။ မင်းα€žားကတော့ ဂျိတ်α€šီα€œα€„်α€Ÿောပါပဲ။ ထဖြα€…်ထပျα€€်ကတော့ ထာဖဂန်α€…α€…်ပွဲတွင်းα€€ိုပဲ ထခြေα€α€Š်ထားတာပါ။ ထောα€€်တိုα€˜ာ ၇ α€›α€€်၊၂၀၀၁ ခုα€”ှα€…်α€™ှာ ၉/၁၁ တိုα€€်ခိုα€€်α€™ှုα€€ိုတုံ့ပြα€”်တဲ့ထနေα€”ဲ့ ထမေα€›ိα€€α€”်တပ် ၁၃၀၀ α€€ို ထာဖဂန်α€™ှာ တာဝန်ချထားခဲ့ပေα€™ဲ့ ၂၀၁၁ α€’ီဇင်α€˜ာα€™ှတေ့ာ ထမေα€›ိα€€α€”်တပ်α€žား α‰αˆα€α€α€ ထထိ တာဝန်ပေးတပ်α€…ွဲα€…ေခဲ့ပါα€α€š်။ထဲα€’ီတပ်တွေα€”ဲ့ထတူ ထာဖဂန် α€…α€€ားပြα€”်ပေါင်း ၅၀၀၀၀ α€œောα€€်α€€ို ထမေα€›ိα€€α€”်α€™ှာ ခိုα€œှုံခွင့်ပေးα€–ို့ α€žα€˜ောတူα€Šီချα€€်α€”ဲ့ထမေα€›ိα€€α€”်α€…α€…်တပ်α€€ တာဝန်ပေးခဲ့ပါα€α€š်။ ထဲα€’ီα€€ာα€œα€‘α€ွင်းα€™ှာ တပ်α€€ြပ်α€€ြီး ဂျွα€”် α€€α€”်α€”်α€œီα€”ဲ့ α€…α€€ားပြα€”် ထာα€™α€€်တို့α€‘α€žα€€်α€œုပြီးတိုα€€်ပွဲဝင်ခဲ့ရပုံတွေα€€ို တစ်ဝက်α€œောα€€်ထထိပြထားတာပါ။ ထာဖဂန်α€€α€”ေ ၂၀၂၁ ခုα€”ှα€…်α€™ှာထမေα€›ိα€€α€”်တွေတပ်ဆုတ်ပြီး တာα€œီα€˜α€”်တွေ ထာဏာα€›α€žွားချိα€”်α€™ှာ α€…α€€ားပြα€”်ပေါင်း ၃၀၀ α€€ျော်α€”ဲ့α€™ိα€žားα€…ုတွေα€‘α€žα€်ခံခဲ့ရပြီး ထောင်α€”ဲ့ချီတဲ့ α€…α€€ားပြα€”်တွေပုα€”်းထောင်းα€”ေခဲ့ပါα€α€š်။ ထဲα€’ီα€™ှာ တပ်α€€ြပ်α€€ြီးဂျွα€”်α€Ÿာα€žူ့α€›ဲ့α€›ဲα€˜ော်α€›ဲα€˜α€€်α€Ÿောင်းထာα€™α€€်α€€ို တာα€œီα€˜α€”်α€€α€žα€်α€–ို့α€œိုα€€်α€›ှာα€”ေတဲ့α€€ြားကပြα€”်ဝင်α€œာပြီးα€€α€š်ထုတ်α€–ို့α€€ြိုးα€…ားပုံတွေα€€ိုဆက်ပြီးα€€ြα€Š့်α€›α€™ှာပါပဲ။ α€’ါα€›ိုα€€်တာα€€ောင်းမင်းα€žားα€€ောင်းα€”ဲ့ဇာတ်α€œα€™်းα€€ောင်းα€€ောင်းα€™ို့ ထားပေးα€œိုα€€်α€€ြပါဦး။ 

Comments