John Wick-Chapter-4 (2023)

Download α€œုပ်α€›α€”် ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar

1 - John Wick (2014)

2 - John Wick-Chapter-2 (2017)

3 - John Wick-Chapter-3-Parabellum (2019)

4 - John Wick-Chapter-4 (2023)

John Wick: Chapter 4 (2023)

IMDb Rating (8.3)/ Rotten Tomatoes (94%) α€’ါα€›ိုα€€်တာကတော့ Chad Stahelski ပါပဲ။ α€’ီα€›ုပ်α€›ှင်ထဲα€™ှာပါတဲ့ ပြင်α€žα€…်α€™ြေထောα€€်α€˜ူတာα€”ေα€›ာα€€ိုတော့

“Porte des Lilas” α€œို့ခေါ်ပြီး α€›ုပ်α€›ှင်α€žα€™ားတွေα€€ို ငှားα€›α€™်းα€–ို့α€žီးα€žα€”့် ပြင်ဆင်ထားတဲ့ α€˜ူတာပဲα€–ြα€…်ပါα€α€š်။ပြီးတော့ ဇာတ်α€œα€™်းထစရဲ့ α€žဲα€€α€”္တာα€›α€€ိုα€œα€Š်း ထထူးပြုα€œုပ်ချα€€်α€™α€žုံးα€˜ဲ α€”ေα€›ာထစစ်α€™ှာ α€žွားα€›ောα€€်α€›ိုα€€်α€€ူးထားခဲ့ပါα€α€š်။ α€’ီα€›ုပ်α€›ှင်α€™ှာ ဂျွα€”်ဝစ်α€Ÿာ α€…α€€ားα€œုံး αƒαˆα€ ပဲ ပြောခဲ့ပြီး ထရှα€Š်ဆုံးα€…α€€ားဆိုα€œို့ “မင်းα€”ဲ့ငါ α€˜α€α€€ောင်းα€€ို ထားခဲ့တာ α€€ြာα€œှပါပြီ” ဆိုတာα€œေးပါပဲ။ ၃ ပုံတစ်ပုံα€œောα€€်ကတော့ “Yeah” ဆိုတဲ့α€…α€€ားα€œုံးတွေပဲα€–ြα€…်α€œို့ α€˜ာα€žာပြα€”်α€žူα€€ို ထကြိုα€€်တွေ့α€…ေခဲ့ပါα€α€š်။ ဇာတ်ပို့တွေထဲα€™ှာ Scott Adkins α€œα€Š်းပါဝင်ခဲ့ပြီး α€žူα€€ α€€ီထာα€”ူးα€›ိα€—ိα€›ဲ့ ထမာခံα€–ြα€…်တာα€€ြောင့် α€’ီα€›ုပ်α€›ှင်α€™ှာပါခွင့်ရတာ ထရမ်းα€€ို ပျော်α€”ေခဲ့ပါα€α€š်။ α€’ွα€”်α€”ီα€šα€”်းα€œα€Š်းပါဝင်ခဲ့ပြီး α€’ါα€›ိုα€€်တာα€€ ပြင်α€žα€…်α€›ေα€’ီα€šိုα€”ာα€™α€Š်α€€ို Wuxia α€œို့ပေးပြီး တရုတ်α€žိုင်းα€œောα€€α€€ိုα€œα€Š်း α€‘α€žိထမှတ်ပြုခဲ့ပါα€žေးα€α€š်။ α€’ါ့ထပြင် I am groot α€€ို α€”ောα€€်ပြောင်ပြီး I am Klaus ဆိုတဲ့ α€€ာα€›ိုα€€်တာα€€ိုပါ α€‘α€Š့်α€žွားပေးထားပါα€žေးα€α€š်။ α€’ီα€›ုပ်α€›ှင်α€€ ဇာတ်α€œα€™်း ထက်α€›ှင်ထားα€œုံးပြα€Š့်α€…ုံတာα€™ို့ α€€ောင်းα€€ောင်းα€€ြီး α€‘α€›α€žာခံα€œို့α€›α€™α€š့်α€›ုပ်α€›ှင်ပါပဲ။ ဇာတ်α€œα€™်းထဆုံးα€™ှာပါတဲ့ α€™ျα€€်α€œုံးတစ်α€œုံးထတွα€€် α€™ျα€€်α€œုံးတစ်α€œုံးဆိုတဲ့ α€žီချင်းα€€ိုα€œα€Š်း α€’ီα€›ုပ်α€›ှင်ထဲα€€ ဂျပန်မင်းα€žα€™ီး Rina Sawayama ကပဲ ပြα€”်α€œα€Š်α€žီဆိုပေးထားပါα€α€š်။ဇာတ်α€œα€™်းထကျဉ်းα€€ြေးα€…ားα€œူα€žα€်α€žα€™ားα€œောα€€α€›ဲ့ ဒဏ္ဍာα€›ီတစ်α€šောα€€်α€–ြα€…်တဲ့ ဂျွα€”်ဝစ်α€Ÿာ α€€ြေးα€…ားα€œောα€€α€€α€”ေ ထနားα€šူပြီးခွေးα€œေးတစ်α€€ောင် α€€ားတစ်α€…ီးα€”ဲ့ ထေးထေးဆေးဆေး α€˜α€α€€ိုα€–ြတ်α€žα€”်းα€”ေα€žူပါ။ α€’ါပေα€™ဲ့ α€žူ့ထတွα€€် ထရမ်းထဓိပ္ပါα€š်α€›ှိတဲ့ခွေးα€œေးα€€ို α€žα€်ပြီး α€€ားα€€ိုခိုးα€žွားတဲ့ ဂိုဏ်းခေါင်းဆောင်တစ်α€šောα€€်α€›ဲ့α€žားα€€ြောင့် α€œူα€žα€်α€žα€™ားα€œောကထဲα€€ို α€€α€œဲ့α€…ားချေα€–ို့ ပြα€”်ဝင်α€œာခဲ့ရပါတော့α€α€š်။ α€žူ့α€›ဲ့α€™ိတ်ဆွေ α€˜ုံα€”α€š်α€™ြေα€Ÿိုα€α€š်ပိုင်α€›ှင် ဝန်စတန်ကတော့ α€žူ့α€€ို α€žα€ိပေးခဲ့ပါα€α€š်။ α€’ီα€›ေα€€α€”်α€™ျိုးထဲα€€ိုα€œα€€်α€žα€”်းα€œေးပဲ ပြα€”်α€”ှα€…်α€€ြα€Š့်ရင်တောင် မင်းတကိုα€š်α€œုံးα€€ို ဆွဲချα€žွားα€œိα€™့်α€™α€š်တဲ့။ α€α€€α€š်α€œα€Š်း ဂျွα€”်ဝစ်ပြα€”်ထွα€€်မရခဲ့ပါα€˜ူး။ α€œα€€်α€…ားချေα€…α€›ာတွေပြီးတော့ α€œα€€်α€…ားချေα€…α€›ာတွေ ထပ်ပေါ်α€œာα€α€š်။ ပြα€”်α€›ုα€”်းထွα€€်α€–ို့ α€€ြိုးα€…ားရင်း ထပ်ထပ်α€”α€…်ဝင်α€œာပြီး α€”ောα€€်ဆုံးα€™ှာတော့ α€€ြေးα€…ားα€œောကတစ်ခုα€œုံးα€›ဲ့ ထစိုးα€›α€œို့ ခေါ်α€œို့ရတဲ့ ထထက်α€€ောင်α€…ီα€›ဲ့ α€‘α€œိုထရှိဆုံးα€›α€”်α€žူပါα€–ြα€…်α€œာခဲ့ပါပြီ။ ထပိုင်း ၃ α€™ှာတုα€”်းα€€ ဝင်စတန်α€›ဲ့ α€œα€€်ချα€€်α€€ြောင့် တိုα€€်ပေါ်α€€ ပြုတ်α€€ျα€žွားခဲ့ပြီး ထပိုင်း ၄ α€™ှာ α€˜ာတွေဆက်α€–ြα€…်α€œာα€™α€œဲဆိုတာ α€€ြα€Š့်α€›α€™ှာပါ။ ဂျွα€”်ဝစ်α€œိုချင်တဲ့ α€œွတ်α€œα€•်α€™ှုα€”ဲ့ ငြိα€™်းချα€™်းα€™ှုα€€ို α€’ီထပိုင်းα€™ှာ α€›ှာα€”ိုင်ပါ့α€™α€œားဆိုတာ…။

Comments