Oro Arrowhead (2022)

Download α€œုပ်α€›α€”် ➤➤ Download (1080p)

Myanmar Subtitle

Credit to Channel Myanmar

Oro Arrowhead (2021)

ααˆαƒα€ ခုα€”α€…်α€™ှာ ထမေα€›ိα€€α€”်ထစိုးα€›α€Ÿာ α€Œာα€”ေတိုင်းရင်းα€žား ထင်α€’ီးα€šα€”်းတွေα€€ို α€”ေα€›ာα€›ွှေ့ပြောင်းα€›ေး ထစီထမံα€œုပ်ခဲ့ပါα€α€š်။α€‘α€žα€…်ဝင်α€›ောα€€်α€œာတဲ့ α€œူα€–ြူတွေ ဝါဂွα€™်းα€…ိုα€€်ပျိုးα€œို့ရထောင်α€™ြေα€œိုတဲ့ထတွα€€်α€œို့ ထကြောင်းပြပြီး ချα€›ိုα€€ီးα€œူα€™ျိုး ၁၆၀၀၀ α€€ျော်ထပါထဝင် α€œူပေါင်း၆၀၀၀၀ α€œောα€€်α€›ှိတဲ့ α€™ျိုးα€”ွα€š်α€…ု ငါးα€…ုα€€ိုα€™ိုင်ပိုင်းα€™ျားα€…ွာ α€œα€™်းα€œျှောα€€်ခရီးα€”ဲ့ ထတင်းထကျပ်ပြောင်းα€›ွှေ့ခဲ့ပါα€α€š်။ ပင်ပန်းဆင်းα€›ဲα€™ှုα€€ြောင့် α€œူပေါင်း α€œေးထောင်α€€ျော်α€žေဆုံးခဲ့ပြီး α€™ျα€€်α€›α€Š်α€œျှောα€€်α€œα€™်းα€œို့ α€‘α€™α€Š်တွင်ခဲ့ပါα€α€š်။ α€’ါ့ထပြင် α€™ျိုးα€”ွα€š်α€…ုတွေ α€–α€š်α€›ှားခံခဲ့ရတဲ့α€”ေα€›ာတွေα€Ÿာ တွင်းထွα€€်ပစ္α€…α€Š်းα€œα€Š်း ထွα€€်တဲ့ထတွα€€် α€œူα€–ြူတွေα€€ α€œိုချင်တပ်α€™α€€်ခဲ့တာပါ။ ထဲα€’ါα€€ို α€žိတဲ့ α€™ျိုးα€”ွα€š်α€…ုတွေα€Ÿာ α€›ွှေတွေα€€ို တူးα€–ော်ပြီး α€™ှော်ထစီထရင်တွေα€”ဲ့ α€–ွα€€်ခဲ့ပါα€α€š်။ α€”ောင်ထခါα€™ှာ ထဲα€’ီထကြောင်းα€€ို α€žိတဲ့ α€žိုα€€်တူးα€–ို့ α€œာα€žူတွေα€œα€Š်း ထများα€€ြီးα€›ှိတာပေါ့။α€’ီဇာတ်α€€ားα€™ှာတော့ α€™ြို့တော်ဝန်α€Ÿာ α€›ွှေα€žိုα€€်α€€ို α€›ှာα€–ွေα€”ေα€žူပါ။ ထခြားα€’ီα€œိုα€™ျိုး ထကြံα€‘α€…α€Š်α€›ှိα€žူ α€›ှာα€–ွေα€žူတွေα€€ို ခြိα€™်းခြောα€€်α€œေ့ α€žα€်ပစ်α€œေ့α€›ှိပါα€α€š်။ α€’ါα€€ြောင့် α€™ြို့တော်ဝန်ချုပ်α€€ိုင်ထားတဲ့ ထဲ့α€”α€š်α€™ြေတွေα€™ှာ ပြα€Š်α€žူတွေα€Ÿာ တုပ်တုပ်α€™ှ α€™α€œှုပ်α€›ဲα€€ြပါα€˜ူး။ တစ်ခါα€™ှာတော့ ဇာတ်α€œိုα€€်α€–ြα€…်α€žူ α€—ိုα€œ်α€™ှူး ဂျင်α€™်ပိုဝဲα€œ် တစ်α€šောα€€် ဖခင် α€›ုတ်တရက်α€žေဆုံးα€™ှုα€€ြောင့် α€‘α€žုα€˜α€€ိα€…္စထတွα€€် α€™ြို့α€€ို ပြα€”်α€œာခဲ့ပါα€α€š်။ α€’ါပေα€™α€š့် ဖခင်α€žေဆုံးα€™ှုα€Ÿာ α€žα€™ားα€›ိုးα€€ျα€™α€Ÿုတ်တာα€€ို α€žိα€›ှိα€žွားပြီα€”ောα€€် α€›ွှေα€žိုα€€်α€”ဲ့α€œα€Š်း α€˜α€š်α€œိုဆက်စပ်α€œာα€™α€œဲဆိုတာα€€ို တွေ့α€›α€™ှာပါ။ α€…ွα€”့်α€…ာခန်းတွေပါတဲ့ Adventure ထမျိုးထစားα€–ြα€…်ပြီး α€”ောα€€်ခံα€žα€™ိုင်းα€€ြောင်းα€€ောင်းα€€ောင်းα€”ဲ့ α€€ြα€Š့်α€€ောင်းα€™α€š့် ဇာတ်α€€ားα€œေးα€–ြα€…်ပါα€α€š်။

(α€’ီဇာတ်α€œα€™်းα€›ဲ့α€‘α€Šွှα€”်းα€€ို Zaw Myo Thu α€™ှα€›ေးα€žားပေးပြီး၊ α€˜ာα€žာပြα€”်α€›ေးα€žား ပေးα€žူα€™ျားကတော့ Zaw Myo Thu, Luca Mi တို့α€–ြα€…်ပါα€α€š်။)

Comments