Anon (2018)


➡️ Movie Link
Myanmar Subtitle
Credit to Homie TV

Anon (2018) α€€ိုတော့ Tom Hanks α€›ဲ့α€”ာα€™α€Š်α€€ျော် The Terminal (2004) ဇာတ်α€€ား α€”ဲ့ α€€α€™္α€˜ာα€€ျော်α€Ÿာα€žα€™α€„်းα€žားα€€ြီး Jim Carreyα€›ဲ့ ထကောင်းဆုံးဇာတ်α€€ားပါα€œို့ တင်α€…ားα€€ြတဲ့ The Truman Show (1998) တို့α€€ို ဇာတ်α€Šွှα€”်းα€›ေးα€žားခဲ့တဲ့ Ardrew Niccol ကပဲ α€€ိုα€š်တိုင်ဇာတ်α€Šွှα€”်းα€›ေးα€žားပြီး α€€ိုα€š်တိုင်ပဲα€›ိုα€€်α€€ူးခဲ့ပါα€α€š်။ α€’ီဇာတ်α€€ားα€™ှာတော့မင်းα€žား Clive Owen α€”ဲ့ မင်းα€žα€™ီးချော Amanda Seyfried တို့α€€ ပါဝင်α€žα€›ုပ်ဆောင်ထားပါα€α€š်။IMDb rating α€Ÿာα€œα€Š်း 6.1 α€›ှိတဲ့ထတွα€€်ထတော်α€‘α€žα€„့်α€€ောင်းတဲ့ ဇာတ်α€€ားα€€ောင်းတစ်α€€ားα€œို့α€œα€Š်း ဆိုα€›α€™ှာပါ။

ဇာတ်α€œα€™်းထကျဉ်း

ဇာတ်ထိα€™်α€€ို ထနာဂတ်ခေတ်α€™ှာα€α€Š်ထားပြီးတော့ ထိုထနာဂတ်ခေတ်α€™ှာ ထစိုးα€›α€Ÿာ ပြα€…်α€™ှုတွေα€€ိုα€”ှိα€™်နင်းα€–ို့ထတွα€€် α€œူα€žားတွေα€›ဲ့α€œုံခြုံα€›ေးရပိုင်ခွင့်α€™ျားα€€ို ချိုးα€–ောα€€်ပြီး α€…ောင့်α€€ြα€Š့်ထောα€€်α€œှα€™်းရထောင်α€œα€Š်း α€₯ပဒေတစ်ခုα€€ိုပြα€Œာα€”်းထားပါα€α€š်။

α€›ဲထရာα€›ှိတစ်ဦးα€–ြα€…်တဲ့ Sal Frieland α€Ÿာထဆိုပါα€₯ပဒေα€€ို α€œα€€်ခံα€€ျင့်α€žူတစ်ဦး α€–ြα€…်ပါα€α€š်။α€žို့ပေα€™α€š့် The Girl α€œို့ခေါ်တဲ့ Hackerα€™α€œေးα€”ဲ့ တွေ့ပြီးတဲ့ထချိα€”်α€™ှာတော့ α€›ဲထရာα€›ှိα€€ြီးα€›ဲ့ α€€ံα€€ြα€™္α€™ာα€Ÿာတစ်ဆစ်ချိုးပြောင်းα€œဲα€žွားပါတော့α€α€š်။ဇာတ်α€€ားထမျိုးထစားα€€ Sci-fi Thriller α€–ြα€…်တဲ့ထတွα€€် α€žα€›ဲα€˜ာα€Šာမပါα€˜ဲ α€œျှို့ဝှα€€်ရင်ထိပ်α€žα€Š်းα€–ိုα€žီးα€žα€”့်ခံα€…ားချင်α€žူတွေα€€ိုα€œα€€်တို့α€œိုα€€်ပါα€›α€…ေ။

(ဇာတ်α€œα€™်းα€‘α€Šွှα€”်းα€€ိုတော့ ဆရာ ထူးα€™ျိုးα€žα€”့်α€™ှα€›ေးပေးထားပြီး α€˜ာα€žာပြα€”်ပေးထားα€žူကတော့ ခင်ပြα€Š့်α€…ုံα€€ျော်ပါ)

Comments