Kong-Skull Island (2017)

Download α€œုပ်α€›α€”် ➤➤ Download (720p)

Telegram Link ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar

Kong-Skull Island (2017)

၁၉၇၃ α€€ာα€œ α€™ြင်α€€ွင်းတွေ α€”ဲ့ထတူ α€—ီα€šα€€်α€”α€™်α€…α€…်ပွဲထပြီးα€€ာ α€œα€™ှာ Monarch α€œို့ခေါ်တဲ့ α€œျှို့ ဝှα€€် ထဖွဲ့α€‘α€…α€Š်းထတစ်ခုα€Ÿာ α€™ြူခိုးတွေα€”ဲ့ ထုံ့ဆိုင်းα€”ေတဲ့ ထရိုးα€…ု α€€ျွα€”်းဆိုတဲ့ α€€ျွα€”်းα€žα€…်တစ်α€€ျွα€”်း α€€ို α€›ှာတွေ့ခဲ့ပါα€α€š်။ ထဲα€’ီα€€ျွα€”်း ပေါ်α€™ှာ ထူးဆန်းတဲ့ တိα€›α€…္ဆာα€”်α€™ျိုး α€…ိတ်တွေα€›ှိα€”ေတဲ့ထတွα€€် α€žုတေ α€žα€”α€•ြုα€–ို့ α€›α€Ÿα€်α€šာဉ်တွေα€”ဲ့ ထွα€€်ခွာခဲ့α€€ြပါα€α€š်။ α€α€€α€š်တော့ ထဲα€’ီα€€ျွα€”်း ပေါ်α€™ှာ α€€ောင်ဆိုတဲ့ ဧရာα€™ α€™ျောα€€်ဝံα€€ြီးα€›ှိα€žα€œို ထခြားထူး ဆန်းတဲ့ α€žα€္တဝါပေါင်းα€™ျားα€…ွာ α€œα€Š်း α€›ှိα€”ေတာပါ။ α€›α€Ÿα€်α€šာဉ် တွေ α€€ျွα€”်းပေါ်α€€ α€–ြတ်ပျံတုα€”်း α€™ျောα€€်ဝံα€€ြီး α€›α€”်ပြုတိုα€€်ခိုα€€်ခဲ့ တဲ့ထတွα€€် α€›α€Ÿα€်α€šာဉ်တွေ ပျα€€်α€€ျα€€ုα€”်ပါတော့α€α€š်။α€€ျွα€”်းပေါ် α€›ောα€€်α€žွားတဲ့ α€žုတေα€žီထဖွဲ့α€Ÿာ ကင်းα€€ောင် ထပြင် ထခြားထူးဆန်းတဲ့ α€žα€္တဝါ α€€ြီးတွေα€”ဲ့ပါရင် ဆိုင်ခဲ့ရပါα€α€š်။ α€žူα€”ေတဲ့ α€€ျွα€”်းပေါ်α€€ို α€€ျူးα€€ျော် ဝင်α€›ောα€€်α€œာα€žူတွေα€€ို ကင်း α€€ောင်α€Ÿာ α€’ေါα€žα€α€€ြီး တိုα€€် ခိုα€€်ခဲ့တာα€™ို့ α€žုတေα€žီတွေα€”ဲ့ပါ α€œာတဲ့ α€…α€…်တပ်α€”ဲ့ တိုα€€်ပွဲတွေထ ပြင်းထထန်α€–ြα€…်α€€ြပါတော့α€α€š်။ကင်းα€€ောင် ဇာတ်α€€ား α€€ြိုα€€်တဲ့ ပရိα€žα€်တွေ ထနေα€”ဲ့ တော့ α€’ုတိα€šα€™ြောα€€် ကင်းα€€ောင်ဇာတ်α€€ားα€€α€€ော α€€ျေနပ် α€œောα€€်တဲ့ α€›α€žα€•ေးα€…ွα€™်းα€™ှာα€œား ဆိုတာတော့ α€€ိုα€š်တိုင်α€€ြα€Š့်ပြီး တော့α€žာ ဆုံးα€–ြတ်α€€ြα€Š့်α€€ြဦး α€”ော်။ α€žα€္တဝါα€€ြီးတွေα€›ှိတဲ့α€€ျွα€”်း α€€ို α€€ျူးα€€ျော်ဝင်α€œာတဲ့α€œူတွေα€”ဲ့ α€žα€္တဝါတွေ ထိပ်တိုα€€်တွေ့တဲ့ထ ခါ α€˜ာတွေဆက်α€–ြα€…်α€€ြα€™ှာα€œဲ။ ကင်းα€€ောင်α€€ော α€˜α€š်α€œိုထခြေ ထနေα€”ဲ့ ဇာတ်α€žိα€™်းα€›α€™ှာα€œဲဆိုတာ တော့..α€’ီဇာတ်α€€ားα€™ှာ တော်α€™်α€Ÿα€„် α€’α€š်α€œ်တန်၊ ဆမ်α€™ြူα€›α€š်α€‘α€š်α€œ် ဂျα€€်ဆင်၊ ဂျွα€”်ဂွတ်α€™α€”်း၊ α€˜α€›ီα€œာဆင်၊ α€€ျင်းထျα€”် စတဲ့ α€žα€›ုပ် ဆောင်တွေ ပါဝင်ထားα€€ြပါ α€α€š်။ ။(ဇာတ်α€œα€™်းα€‘α€Šွှα€”်းα€€ိုတော့ (http://www.7daydaily.com) α€™ှα€€ူးα€šူα€–ော်ပြထားတာα€–ြα€…်ပြီး α€˜ာα€žာပြα€”်α€žူကတော့ Han Htoo Zaw ပဲα€–ြα€…်ပါα€α€š်) 

Comments