Rogue One-A Star Wars Story (2016)

Download α€œုပ်α€›α€”် ➤➤ Download (1080p)

Myanmar Subtitle

Credit to Channel Myanmar

Sci-fi α€€ြိုα€€်α€žူပရိတ်α€žα€်တွေထတွα€€် epic sci-fi α€œေးတစ်ခု တင်ပေးထားပါα€α€š်။ Star Wars တွေα€Ÿာα€žိပ္ပံα€…ိတ်α€€ူးα€šα€‰်α€›ုပ်α€›ှင်α€žα€™ိုင်းα€›ဲ့ ထကျော်α€€ြားဆုံး α€›ုပ်α€›ှင်ဇတ်α€œα€™်းတွဲတွေထဲα€€ တစ်ခုပါပဲ။ ပထမဆုံး Star Wars α€›ုပ်α€›ှင်α€€ိုတော့ ၁၉၇၇ α€™ှာ ပြα€žα€ဲ့ပြီး α€žူ့α€”ောα€€်α€™ှာ ၂ α€€ားဆက်တိုα€€်ထွα€€်ပြီး ထဆုံးα€žα€်α€žွားခဲ့ပါα€α€š်။ α€’ါပေα€™α€š့် 1999 α€€α€”ေα€…α€œို့ α€”ောα€€်ထပ် ၃ α€€ားထပ်ပြα€žα€ဲ့ပြီး α€œα€€်α€›ှိ ၂၀၁၅ α€™ှာ တစ်α€€ား ၂၀၁၆ α€™ှာ တစ်α€€ား ထပ်α€™ံထွα€€်α€›ှိထားပါα€α€š်။ဇာတ်α€œα€™်းထကျဉ်းα€™ှာတော့ α€Ÿိုးα€›ှေးα€›ှေးတုα€”်းα€€ ဝေးα€€ွာα€œှတဲ့ နဂါးငွေ့တန်းတစ်α€”ေα€›ာα€™ှာ ဂြိုα€œ်ပေါင်းα€™ျားα€…ွာ α€…ုα€…α€Š်းα€”ေထိုင်α€€ြပြီး α€œွှတ်တော်α€”ဲ့ α€’ီα€™ိုα€€α€›ေα€…ီα€…α€”α€…်α€”ဲ့ α€”ေထိုင်α€€ြပါα€α€š်။ α€œွှတ်တော်ထောα€€်α€™ှာတော့ α€…α€€ြဝဠာα€›ဲ့ ငြိα€™်းချα€™်းα€›ေးထိα€”်းα€žိα€™်းα€žူတွေα€–ြα€…်တဲ့ Jedi α€žူα€›ဲα€€ောင်းတွေ α€›ှိα€”ေပါα€α€š်။ Jedi တွေα€Ÿာ α€žα€€်α€›ှိတွေထားα€œုံးထတွင်းα€”ဲ့ပတ်α€œα€Š်α€™ှာα€α€Š်α€›ှိα€”ေတဲ့ Force ဆိုတဲ့ α€…ွα€™်းထင်α€€ို α€žုံးα€…ွဲα€”ိုင်α€žူတွေ α€–ြα€…်ပြီး α€žူတို့α€›ဲ့ α€‘α€œα€„်းဓားတွေα€”ဲ့ထတူ α€€ျော်α€€ြားα€€ြပါα€α€š်။ Force α€€ိုပဲ Dark Side ထမှောင်ခြα€™်းα€™ှ α€…ွα€™်းထင်α€€ို α€šူα€žုံးတဲ့ Sith တွေကတော့ Jedi α€”ဲ့ α€œွှတ်တော်တွေα€›ဲ့ α€›α€”်α€žူတော်တွေပါ။ Rogue One α€›ဲ့ α€€ာα€œα€€α€ော့ Star Wars III : Revenge of the Sith α€”ောα€€်ပိုင်းα€™ှာ Jedi ထားα€œုံးα€œုပ်α€€ြံခံရပြီး α€’ီα€™ိုα€€α€›ေα€…ီα€€α€”ေ ထင်ပါα€šာထူထောင်ခံချိα€”်၊ ထင်ပါα€šာα€€ို Sith Lord α€”ဲ့ Darth Vader တို့ ထုပ်α€…ိုးချိα€”်α€™ှာ Rebellion တော်α€œှα€”်α€›ေးတပ်α€€ို စတင်α€–ွဲ့α€…α€Š်းတဲ့α€€ာα€œα€–ြα€…်ပါα€α€š်။ α€’ီဇာတ်α€€ားα€€ို Star Wars IV : A New Hope မတိုင်ခင်α€€ာα€œα€‘α€–ြα€…်α€€ြα€Š့်α€›ှုα€›α€™ှာပါ။ A New Hope ထစမှာ မင်းα€žα€™ီးα€œိုင်α€šာ α€œα€€်ထဲα€€ို Death Star α€›ဲ့ ပုံα€…ံα€”ဲ့ ထားα€”α€Š်းချα€€်တွေ α€›ောα€€်α€œာတာα€€ စခဲ့တာα€–ြα€…်တဲ့ထတွα€€် α€’ီα€€ားα€™ှာတော့ ထဲα€’ီ Death Star α€›ဲ့ ပုံα€…ံα€”ဲ့ ထားα€”α€Š်းချα€€်α€€ို α€‘α€žα€€်α€…ွα€”့်α€šူဆောင်ပေးα€€ြတဲ့ Rebellion α€žူα€›ဲα€€ောင်းတွေα€›ဲ့ တိုα€€်ပွဲတွေα€€ို တွေ့ရပါα€œိα€™့်α€™α€š်။ α€€ြα€Š့်α€œိုα€€်α€€ြပါဦး။(α€’ီα€€ားထဲα€™ှာ α€˜ုရင်ခံတာကင်α€”ဲ့ မင်းα€žα€™ီးα€œိုင်α€šာတို့α€›ဲ့ ၁၉၇၇ α€€ ဇာတ်α€€ောင်ပုံα€…ံတွေထတိုင်း တူထောင် digital ပုံα€›ိပ်α€–ော်ပြီး α€‘α€Š့်α€žွင်းပေးထားတာပါ) 

Comments