Dhruva (2016)

Download α€œုပ်α€›α€”် ➤➤ Download (1080p)

Myanmar Subtitle

Credit to Channel Myanmar

Dhruva (2016)

ထစားα€€ောင်း α€‘α€žောα€€်α€€ောင်းတွေ α€…ားရရင် ချα€…်α€žူခင်α€žူα€€ို α€žα€ိရတတ်α€žα€œိုပဲ ဇာတ်α€€ားα€€ောင်းတွေα€›ှိα€œာရင်α€œα€Š်း α€™α€œွတ်တမ်းα€˜ာα€žာပြα€”်တင်ဆက်ပေးချင်တာကတော့ CM α€›ဲ့α€…ေတနာပါ။ α€˜ိုင်α€›ာα€˜ာမင်းα€žားပါဝင်ထားတဲ့ α€’ီ “Dhruva” crime thriller movie ကတော့ not very old but gold α€œို့ ဆိုα€›α€™ှာပါပဲ။ crime α€€ိုα€™ှmedical crime α€€ို ထရင်းα€α€Š်ပြီး α€€ွင်းဆက်ထများထပြား ချိတ်ဆက်ထားတာα€™ျိုးပါ။“α€žာα€™α€”်ပြα€Š်α€žူတွေα€›ဲ့ α€€ံα€€ြα€™္α€™ာα€€ို α€”ိုင်ငံα€›ေးα€žα€™ားတွေα€€ ချုပ်α€€ိုင်α€α€š်၊ α€”ိုင်ငံα€›ေးα€žα€™ားတွေα€›ဲ့ α€€ံα€€ြα€™္α€™ာα€€ိုတော့ α€…ီးပွားα€›ေးα€žα€™ားတွေα€€ ချုပ်α€€ိုင်α€α€š်…..” ပုံα€™ှα€”်ဆိုရင် ခိုးα€™ှု၊ α€œုα€šα€€်α€™ှု၊ ပြα€”်ပေးဆွဲα€™ှုတို့α€Ÿာ ထများထားα€–ြင့် ငွေα€€ြေးမပြα€Š့်α€…ုံα€™ှုα€€ြောင့် α€€ျူးα€œွα€”်α€œေ့α€›ှိတဲ့ထရာα€™ျိုးတွေပါ။α€’ါပေα€™ဲ့ α€žာα€™α€”်ပြα€…်α€™ှု α€‘α€žေးα€œေးတွေα€€ိုα€—α€”်းပြပြီး α€”ောα€€်α€€ွα€š်α€™ှာ α€€ြီးα€™ားတဲ့ ပြα€…်α€™ှုα€€ြီး α€›ှိα€”ေα€α€š်ဆိုရင်α€›ော……ဆင်းα€›ဲα€”ိα€™့်α€€ျα€…ွာ α€™ွေးα€–ွားα€œာပေα€™ဲ့ ပါတီခေါင်းဆောင်တစ်ဦးα€›ဲ့ α€œူα€žα€်α€™ှုα€€ို α€€ိုα€š်α€…ားထပြα€…်ခံα€šူရင်း ထဆိုးထဲα€€ ထမြတ်ထုတ်တတ်တဲ့ထက်α€™ြα€€်α€œွα€”်းတဲ့ Siddarth Abimanyu α€€ α€žိပ္ပံα€•α€Šာα€›ှင်တစ်α€šောα€€်α€–ြα€…်α€œာပြီး မင်းα€žားခေါင်းα€…ွပ်ထားတဲ့α€˜ီα€œူး α€–ြα€…်α€”ေတဲ့ထခါ…..၁၅ α€”ှα€…်α€žားα€€α€α€Š်းα€€ α€€ြုံတွေ့α€™ြင်တွေ့α€œာရတဲ့ မတရားα€™ှုတွေα€€ို α€™ုα€”်းတီးရင်း α€›ဲထရာα€›ှိ α€–ြα€…်α€œာတဲ့ထချိα€”် ပြα€…်α€™ှုα€”ောα€€်α€€ွα€š်α€€α€€ြိုးα€€ိုင်ခြα€š်α€œှα€š်α€žူတွေα€€ို ထမြα€…်ပြတ် α€žုတ်α€žα€„်ချင်တဲ့ Dhruva တစ်α€šောα€€် Siddharth α€”ဲ့ ထားပြိုင်ရတဲ့ထခါα€™ှာတော့…..Plot α€€ α€€ောင်းα€œွα€”်းတဲ့ထတွα€€် ထများα€€ြီး α€Šွှα€”်းဆိုα€œိုα€€်ရင် ပေါ့α€žွားα€™ှာα€…ိုးα€œို့ α€’ီα€œောα€€်ပဲ α€›ေးပါα€›α€…ေ။2015 ခုα€”ှα€…်α€€ ထွα€€်α€›ှိခဲ့တဲ့ Thani Oruvan ဇာတ်α€€ားα€€ို remake α€œုပ်ထားတာဆိုပေα€™ဲ့ ထတော်α€€ောင်းတာα€™ို့ ဆက်ဆက်α€€ြα€Š့်α€›ှုα€–ို့ တိုα€€်တွα€”်းပါα€›α€…ေα€”ော်။


 

Comments