The Raid 2 (2014)

Download α€œုပ်α€›α€”် ➤➤ Download (720p)

Telegram Link ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar


The Raid 2 (2014)

IMDb – 8.0/10_____Rotten – 81%
 
α€’ီဇာတ်α€€ားα€€ ထင်α€’ိုα€”ီးα€›ှား α€žα€Š်းထိတ်ရင်α€–ို α€™ှုခင်း ထက်α€›ှင်ဇာတ်α€€ားα€–ြα€…်ပါα€α€š်။
ထံ့α€žြα€…α€›ာα€€ောင်းတာကတော့ Rating တွေ ထများα€€ြီးα€›α€›ှိထားတာပါပဲ။
IMDb Rating (8/10)… Rotten Tomatoes (81%) …Metacritic (71%) ထိα€›α€›ှိထားပါα€α€š်။
ထာα€›ှဇာတ်α€€ားတွေထဲα€™ှာတော့ တော်တော်α€œေးα€€ောင်းတဲ့ ထက်α€›ှင်ဇာတ်α€€ားဆိုတာ ငြင်းα€œို့မရပါα€˜ူး။
၂၀၁၁ ခုα€”ှα€…်α€€ ထွα€€်ခဲ့တဲ့  The Raid: Redemption α€›ဲ့ ဇာတ်α€œα€™်းတွဲα€–ြα€…်ပါα€α€š်။ 
ဇာတ်α€œα€™်းထကျဉ်းα€€ို ပြောα€›α€™α€š်ဆိုရင်တော့ ……….
α€œူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ α€…ိတ္တဇ ဝေα€’α€”ာα€žα€Š်တွေα€”ဲ့ ပြα€Š့်α€”ေတဲ့ ထဆောα€€်ထဦကြီးထဲα€™ှာ တိုα€€်ခိုα€€်ပြီး ထွα€€်ခွာα€œာတဲ့α€”ောα€€်ပိုင်း ဂျာα€€ာတာ α€›ဲα€žား α€›α€™်α€Ÿာ ထရာထားα€œုံးα€Ÿာ ပြီး
ဆုံးα€žွားခဲ့ပြီ၊ α€žူα€Ÿာ α€žာα€™α€”်α€˜α€α€™ှာ α€”ေထိုင်α€”ိုင်ပြီα€œို့ စဉ်းα€…ားပါα€α€š်။ α€žူα€€ြုံခဲ့ရတဲ့ တိုα€€်ခိုα€€်α€™ှုα€€ြီးα€™ှာα€€ α€›ဲα€”ဲ့ α€œူဆိုးတွေα€›ဲ့ α€‘α€œောင်းတွေα€Ÿာ ထခန်းတစ်ခုα€œုံး ပြα€Š့်မတတ်ပါပဲ။ α€’ီα€œိုထခြေထနေα€€ို α€€ြုံတွေ့ခဲ့ရတော့ α€›α€™့်ထနေα€”ဲ့ ထပ်ပြီး ထမှားတွေ α€™α€œုပ်ချင်တော့α€˜ူး။
α€žူ့α€›ဲ့ ပြိုင်α€˜α€€်တွေα€Ÿာ α€–ြုံα€œောα€€်α€α€š်ဆိုပေα€™ဲ့ α€’ီထဆောα€€်ထဦထဲα€™ှာတော့ α€€ြα€™္α€™ာငင်α€žွားခဲ့ရပါα€α€š်။ α€’ါပေα€™ဲ့ α€žူ့α€™ိα€žားα€…ုကတော့ ထန္တရာα€š်α€›ှိα€”ေပါပြီ။ α€›α€™့်ထနေα€”ဲ့ α€žူ့ဇနီးα€”ဲ့ α€™ွေးကင်းစထရွα€š် α€žားα€„α€š်α€€ို α€€ာα€€ွα€š်α€–ို့α€žာ α€›ွေးချα€š်α€…α€›ာ α€›ှိပါတော့α€α€š်။ α€’ါα€€ြောင့် α€žူα€Ÿာ α€’ုα€…α€›ိုα€€်α€œောα€€α€€ို α€œျှို့ဝှα€€်ဝင်α€›ောα€€်α€› ပါα€™α€š်။ ခြα€…ားα€”ေတဲ့ α€”ိုင်ငံα€›ေးα€žα€™ားတွေα€”ဲ့ α€›ဲတွေဆီα€€ို ပြိုင်ဆိုင်α€”ေတဲ့ ထင်ထားα€…ုတွေα€€ို ထဆင့်ဆင့် ဝင်α€›ောα€€်α€›α€™ှာပါ။ α€›ောα€€်ပြီဆိုα€™ှ α€žူတို့α€›ဲ့ ထပြုထမူတွေα€€ို ရပ်တန့်α€–ို့ α€œုပ်ဆောင်α€›α€™ှာ α€–ြα€…်ပါα€α€š်။ α€’ီα€œိုα€”ဲ့ α€›α€™်α€›ဲ့ α€›ှα€Š်α€œျားတဲ့ ခရီးα€€ြα€™်းα€€ြီးα€€ို စတင်ခဲ့ပါα€α€š်။ α€’ီခရီးα€Ÿာ α€žူ့α€›ဲ့ α€€ိုα€š်ပိုင်α€˜α€α€€α€”ေ α€€ွဲထွα€€်ပြီး ထကြα€™်းα€–α€€်α€™ှုတွေ α€€ျူးα€œွα€”်တဲ့ α€šုα€’ါ့ထဖြα€…် တာဝန်ပေးထပ်ခံα€›α€α€š်။ ထောင်ထဲα€™ှာတော့ α€žူα€Ÿာ α€”ာα€™α€Š်α€€ြီး α€œူဆိုးဂိုဏ်းα€™ှာ ထခရာတစ်ဦးα€›ဲ့α€žား α€šူα€€ိုα€›ဲ့ α€šုံα€€ြα€Š်α€™ှုα€€ိုα€›α€›ှိခဲ့ပြီး α€œူဆိုးဂိုဏ်းα€”ဲ့ ဆက်α€žွα€š်ဝင်α€›ောα€€်α€α€š်။
α€”ောα€€်ပိုင်းα€™ှာတော့ ဆိုးဆိုးα€›ွားα€›ွား ထခြေထနေα€™ှာ α€›ောα€€်α€›ှိα€”ေတဲ့ ထဖွဲ့α€‘α€…α€Š်းα€€ြီးα€€ို ထဆုံးα€žα€်α€žွားα€…ေα€–ို့ α€˜α€α€α€…်ခုα€œုံး ပုံထောပြီးα€€ြα€™်းα€€ြα€™်းα€›α€™်းα€›α€™်း ဆောင်α€›ွα€€်α€žွားတာတွေα€€ို တွေ့α€™ြင်α€›α€™ှာ α€–ြα€…်ပါα€α€š်။ ဇာတ်α€€ားα€€ောင်းα€œေးထဖြα€…် တော်တော်α€™ျားα€™ျားα€€ α€›ွေးချα€š်α€™ှတ်ချα€€်ပေးထားတာα€€ို တွေ့α€›α€œို့ထက်α€›ှင်α€€ားတွေα€€ြိုα€€်တဲ့ ပရိတ်α€žα€်α€€ြီးထတွα€€် α€–ော်ပြα€œိုα€€်ပါα€α€š်။

(α€›ုပ်α€›ှင်α€‘α€Šွှα€”်းα€€ို people.com.mm α€™ှα€€ူးα€šူα€–ော်ပြပါα€žα€Š်။)

 

Comments