Olympus Has Fallen (2013)


Download α€œုပ်α€›α€”် ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar

Olympus Has Fallen (2013)

IMDb – 6.5/10

α€€ြα€Š့်α€™ိတာα€”ဲ့ထိုင်α€›ာကမထပဲ α€€ြα€Š့်ချင်α€”ေα€™α€š့်ဇာတ်α€€ားတစ်α€€ားα€€ို Bluray 1080p 5.1 CH α€”ဲ့ပြα€”်α€œα€Š်တင်ဆက်ပေးα€œိုα€€်ပါα€α€š်Mike α€Ÿာ U.S. Army Ranger α€€α€”ေ α€žα€™္မတ α€€ြီးα€›ဲ့ ထထူးα€œုံခြုံα€›ေး ခေါင်ဆောင် တစ်α€šောα€€် α€–ြα€…်α€œာခဲ့ α€žူပါ။Mike α€Ÿာ α€žα€™္မတကြီးα€›ဲ့ ထထူးα€œုံခြုံα€›ေး တာဝန်တင် မကပဲα€žα€™္မတကြီးα€›ော α€žα€™္မတကြီး α€™α€žားα€…ု α€”ဲ့ပါ α€™ိα€žားα€…ု ဝင်တစ်α€šောα€€် α€€ဲ့α€žို့ရင်းα€”ှီး α€”ေα€žူα€œဲ α€–ြα€…်ပါα€α€š်။ Christmas α€Šα€α€…်α€Š α€™ှာတော့α€žα€™္မတကြီးα€”ဲ့ α€žူ့α€›ဲ့ α€™ိα€žားα€…ုတို့ α€Šα€…ာ α€…ားပွဲ တစ်ခု တတ်α€›ောα€€်α€–ို့Mike α€€ ဦးဆောင်ပြီး ထွα€€်ခွာ α€œာခဲ့ပါα€α€š်။Christmas α€Šα€α€…်α€Š α€–ြα€…်တာα€”ဲ့ α€‘α€Šီ α€”ှင်းတွေα€€ ထရမ်းα€€ျ α€”ေပြီးα€œေတွေα€œဲ ထရမ်းတိုα€€် α€”ေပါα€α€š်။ α€œေတွေα€œဲ ထရမ်းတိုα€€် α€”ေပါα€α€š်။α€€ားα€€ို α€žα€ိထား α€™ောင်းα€”ေပေα€™α€š့်α€œဲ မထင်α€™ှတ်ပဲ α€žα€™္မတကြီးα€€ားα€›ှေ့ခန်းα€€ို α€žα€…်ပင် တစ်ပင် α€€ျိုးα€€ျ ခဲ့ပြီး ထရှိα€”်မထိα€”်း α€”ိုင်α€›ာα€€α€”ေα€žα€™္မတကြီး α€…ီးα€œာတဲ့ α€€ားα€Ÿာ တံတား ပေါ်α€€ ပြုတ်α€€ျα€žွား ခဲ့ပြီးခက်ခဲတဲ့ ထခြေ ထနေα€€ြောင့် ထရေးα€€ြီးတဲ့ α€žα€™္မတကြီးα€€ိုပဲα€€α€š်တင် α€”ိုင်ပြီး α€žα€™္မတ ကတော်α€€ို ဆုံးα€›ှုံးခဲ့ ရပါα€α€š်။α€™ိα€”်းα€™α€€ို ဆုံးα€›ှုံးခဲ့ရပြီး α€…ိတ်ထိခိုα€€် α€žွားတဲ့ α€žα€™္α€™α€€ြီးα€Ÿာဆုံးα€–ြတ်ချα€€် ထမှားတစ်ခုα€€ို ချခဲ့α€™ိပါα€α€š်။ α€’ါကတော့ Mike α€€ိုα€œုံခြုံα€›ေး ခေါင်းဆောင် α€›ာထူးα€€α€”ေ ထနားပေး α€œိုα€€်ပါα€α€š်။18 α€œ ထကြာα€™ှာတော့ တောင်α€€ိုα€›ီးα€šား ဝန်α€€ြီးချုပ်α€”ဲ့ α€žα€™္မတို့ထိα€™်α€–ြူတော်α€™ှာ တွေ့α€…ုံ α€…α€€ားပြော α€”ေတဲ့ ထခိုα€€် α€žα€™္မတကြီးα€›ဲ့α€œုံခြုံα€›ေး ခေါင်းဆောင် α€‘α€žα€…်α€”ဲ့ တောင်α€€ိုα€›ီးα€šား ဝန်α€€ြီးချုပ်α€œုံခြုံα€›ေးခေါင်းဆောင်တို့ ပူးပေါင်းပြီး ထိα€™်α€–ြူတော်α€€ို စတင် α€žိα€™်းပိုα€€် α€œိုα€€်ပါα€α€š်။ထကွα€€်α€€ျα€€ျ α€…ီစဉ်ထားပြီး α€›ုတ်တရပ် တိုα€€်ခိုα€€်တဲ့ ထတွα€€်ထိα€™်α€–ြူတော်α€€ α€œုံခြုံα€›ေးတွေ ထငိုα€€်α€™ိ α€žွားα€€ြပါα€α€š်။ထိα€™်α€–ြူတော် တိုα€€်ခိုα€€် ခံα€”ေရတဲ့ α€žα€α€„်းα€€ို Mike တစ်α€šောα€€်α€€ြားတော့ ချα€€်ခြင်း α€›ောα€€်α€œာပြီး ထိα€™်α€–ြူတော်α€œုံခြုံα€›ေး α€˜α€€်ကဝင်α€›ောα€€် α€€ူα€Šီပေးα€›ာα€€α€”ေ ထိα€™်α€–ြူတော်ထဲα€™ှာ α€žူတစ်α€šောα€€်ထဲα€‘α€žα€€်α€›ှင်α€œျှα€€် ပိတ်α€™ိ α€”ေပါတော့α€α€š်။ α€žα€™္မတကြီး α€‘α€žα€€်α€”ဲ့ချိα€”်းခြောα€€်α€œို့ ထင်ထားα€žုံးပြီး ထိα€™်α€–ြူတော်α€€ို ပြα€”်α€žိα€™်းα€œို့ မရတဲ့ ထတွα€€်α€”ောα€€်ဆုံး α€™ျှော်α€œα€„့်ချα€€် ထနေα€”ဲ့ Mike α€€ိုပဲ ထတွင်းα€™ှာပြα€”်α€œα€Š် တိုα€€်ခိုα€€် ပေးα€–ို့ α€’ုα€žα€™္မတက ထမိα€”့်ပေးα€œိုα€€်တဲ့ ထခါα€™ှာMike တစ်α€šောα€€် တာဝန်α€€ျေ ပါ့α€™α€œား ဆိုတာ…(α€›ုပ်α€›ှင်α€‘α€Šွှα€”်းα€€ိုmoviereview.ygn.me α€™ှ တင်ဆက်ပါα€žα€Š် )

Comments