Green Lantern (2011)

Download α€œုပ်α€›α€”် ➤➤ Download (1080p)

Myanmar Subtitle

Credit to Channel Myanmar

DC α€Ÿာ comic α€”ဲ့ animated α€œောα€€ α€™ှာ α€˜ုရင်တစ်ပါး α€–ြα€…်ပေα€™α€š့် α€›ုပ်α€›ှင်α€œောα€€ α€™ှာတော့ α€œα€€်α€”ှေးပါα€α€š်။ α€’ါပေα€™α€š့် α€žူတို့α€Ÿာ α€žူတို့α€›ဲ့ α€”ာα€™α€Š်α€€ြီး ဇာတ်α€€ောင်တစ်α€€ောင် α€–ြα€…်တဲ့ Green Lanternα€€ို α€›ုပ်α€›ှင်α€›ိုα€€်α€–ို့ α€žα€ိα€›α€žေးတာ ပဲ တော်ပါα€žေးα€›ဲ့။comic α€œောα€€α€™ှာတော့ Green Lantern α€Ÿာ ပရိα€žα€်ထခိုင်ထမာ ရထားတဲ့ super heroတစ်α€šောα€€်ပါ။ α€’ါα€€ို α€›ုပ်α€›ှင် ထဖြα€…် ချပြတော့ comic fanတွေα€›ဲ့ high expectation ထရ α€œိုထပ်ချα€€် တစ်ချို့α€€ို ထောα€€်ပြα€€ြတာ တွေ့ရပါα€α€š်။ α€€ျွα€”်တော်ကတော့ α€’ါα€Ÿာ α€€ောင်းတဲ့ ထချα€€် α€œို့ α€šူဆပါα€α€š်။ Batman Forever တို့α€œို ဇာတ်α€€ားတွေ ထွα€€်ပြီးα€™ှ Nolan’s Batman trilogy တွေ ထွα€€်α€œာပြီး α€€α€™္α€˜ာ့α€›ုပ်α€›ှင်α€œောα€€α€€ို super hero α€›ုပ်α€›ှင်α€€ α€€ိုင်α€œှုပ် ပြခဲ့တာ ထားα€œုံးα€‘α€žိပါ။ Green Lantern α€Ÿာဆိုရင်α€œα€Š်း α€”ောα€€်ထပ် ထထင်α€€α€› ဇာတ်α€€ားတွေ ထပ်ထွα€€်α€–ို့ α€‘α€œားα€‘α€œာ α€›ှိα€”ေပါα€α€š်။ ထခု α€’ီ ဇာတ်α€€ားα€€α€œα€Š်း comic α€”ောα€€်ခံ α€™α€›ှိတဲ့ α€œူတွေ ထတွα€€်တော့ α€€ျေနပ်α€…α€›ာ ဇာတ်α€€ား တစ်α€€ား α€–ြα€…်α€œာα€™ှာပါ α€’ီဇာတ်α€€ားထဲα€€ Green Lantern α€Ÿာ Hal Jordon ပါ။ α€˜ာα€œို့ α€’ါα€€ို α€‘α€Š့်ပြောရတာα€œဲဆိုရင် α€”ောα€€်ထပ် Green Lantern α€–ြα€…်တဲ့ John Stewart α€€ို α€›ုပ်α€›ှင်ထဖြα€…် DC α€˜α€€်α€€ ထုတ်α€™α€š် ထင်α€œို့ပါ။ α€‘α€”α€Š်းဆုံးတော့ ထွα€€်ပြီးα€žα€™ျှ animationတွေထဲα€€ John Stewart α€€ို CM ပရိα€žα€်α€€ြီး α€™ြင် α€…α€›ာ ထကြောင်း α€›ှိပါα€žေးα€α€š်။ဇာတ်α€œα€™်းကတော့ Hal Jordon α€›ဲ့ α€˜α€ တစ်α€…ိတ်တစ်α€’ေα€ž α€”ဲ့ Green Lantern corps ထဲ α€›ောα€€်α€›ှိα€œာပုံα€›α€š် Parallex ဆိုတဲ့ α€…α€€ြဝဠာတစ်ခုα€œုံးα€›ဲ့ α€›α€”်α€žူα€€ြီးα€”ဲ့ α€žူ့α€›ဲ့ ပွဲဦးထွα€€်α€™ှာ ပဲ ရင်ဆိုင်ရပုံα€€ို α€›ိုα€€်α€€ူးထားတာပါ။ ထဓိကဇာတ်ဆောင်α€€ို α€”ောα€€်ထပ် α€Ÿီးα€›ိုးတစ်α€šောα€€်ထနေα€”ဲ့ ငါα€™ြင်α€–ူးα€”ေပါα€α€š် α€œို့ တွေးα€™ိရင်… α€Ÿုတ်ပါα€α€š် α€žူ့α€€ို Deadpool ထဖြα€…် α€™ိတ်ဆွေတို့ α€™ြင်α€–ူးခဲ့α€€ြတာပါ။ α€’ီတော့ α€žူ့α€›ဲ့ α€žα€›ုပ်ဆောင်ချα€€်တွေα€€ α€˜α€š်α€œောα€€်α€€ောင်းα€α€š်ဆိုတာ α€™ှα€”်းဆကြα€Š့်α€€ြပါတော့α€œို့

Comments