Transformers (2007)


➡️ Movie Link

Myanmar Subtitles
Credit to Homie TV

ပထမ Transformer ဇာတ်α€œα€™်းထဓိα€€α€€ျောα€›ိုးα€€ All Spark α€€ိုα€œိုတာα€”ဲ့ စပါα€α€š် ၊ Transformer α€‘α€™α€Š်ခံα€…α€€်α€›ုပ်α€™ျားα€Ÿာ α€žူတို့α€”ေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုα€Ÿ်α€™ှာ Autobots α€”ဲ့ Decepticons တွေ တိုα€€်ပွဲα€–ြα€…်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron α€›ဲ့ α€–ျα€€်ဆီးα€™ှုα€€ြောင့် Cybertron ဂြိုα€Ÿ်ပျα€€်α€…ီးခဲ့ပါα€α€š် ။ ( All Spark ဆိုတာ ပထမ Transformer movie α€™ှာတွေ့ရတဲ့ α€€ျုဗတုံးတစ်ခုပါ ) Autobots တွေα€Ÿာ All Spark α€€ို ပြα€”်α€œα€Š်α€›ှာα€–ွေပြီးတော့ α€žူတို့α€™ူα€œα€‚ြိုα€Ÿ်α€Ÿောင်း Cybertron α€€ို ပြα€”်α€œα€Š်α€α€Š်ဆောα€€် ချင်ပါα€α€š် ။ Decepticons တွေကတော့ All Spark α€€ို α€›ှာα€–ွေပြီး α€…α€€ြဝဠာα€€ို α€…ိုးα€™ိုးချင်α€žူα€™ျားပါ ။ Decepticons ခေါင်းဆောင် Megatron α€Ÿာ α€€α€™္α€˜ာဂြိုα€Ÿ်ပေါ်α€™ှာ All Spark α€›ှိα€”ေα€α€š်ဆိုတဲ့ α€žα€α€„်းα€€ို α€€ြားα€œျှင်α€€ြားချင်း α€€α€™္α€˜ာပေါ်α€žα€€်ဆင်းα€›ာα€™ှာ ထခန့်α€™α€žα€„့် crash landing α€€ြောင့် ထာတိတ်α€žα€™ုα€’္α€’α€›ာ α€›ေခဲထောα€€်α€™ှာ ခဲα€žွားခဲ့ပါα€α€š် ။ α€’ါα€€ို Sam α€›ဲ့ ထဖိုး ကပ္ပတိα€”် Witwicky တွေ့α€›ှိခဲ့ပါα€α€š် ။ α€’ီα€™ှာတင် မတော်တစ်ဆ Megatron α€›ဲ့ navigational system α€€ို ထက်တီα€—ိတ်α€œုပ်α€™်တာα€€ြောင့် α€žူ့ α€™ျα€€်α€™ှα€”်α€™ှာ α€€ိုထော်α€’ီα€”ိပ်α€™ျားα€”ဲ့ α€–ော်ပြα€œိုα€€်α€žα€œိုα€–ြα€…်α€žွားပါα€α€š် ။ α€’ီ α€›ေခဲထောα€€်α€™ှာ ခဲα€”ေတဲ့ Megatron α€”ဲ့ All Spark α€€ို ထမေα€›ိα€€α€”်ထစိုးα€› α€›ဲ့ ထိပ်တန်းα€œျှို့ဝှα€€်ထဖွဲ့α€‘α€…α€Š်းα€–ြα€…်တဲ့ Sector 7 α€™ှ α€žိα€™်းα€†α€Š်း ခဲ့ပါα€α€š် ၊ All Spark α€™ှ α€…ွα€™်းထင်ထဆက်မပြတ်ထုတ်α€œွှတ်α€™ှုα€€ို α€€ာα€€ွα€š်တဲ့ ထနေα€”ဲ့ ၎င်းထားα€›ှိα€›ာ α€œျှို့ဝှα€€်α€”ေα€›ာα€›ဲ့ပတ်ပတ်α€œα€Š်α€™ှာ α€›ေα€œွှဲα€†α€Š်ထကြီးα€€ြီး တစ်ခုα€€ို α€α€Š်ဆောα€€်ခဲ့ပါα€α€š် ။ α€’ါα€€ို Autobots α€”ဲ့ Decepticons တွေα€žိα€›ှိပြီး All Spark α€€ို α€œိုချင်α€œို့ တိုα€€်ပွဲα€–ြα€…်α€€ြပြီး
α€˜α€š်α€œိုစခန်းα€žွားα€€ြα€™α€œဲဆိုတာ……..။


Comments