Road to Perdition (2002)

Download α€œုပ်α€›α€”် ➤➤ Download (1080p)

Myanmar Subtitle

Credit to Channel Myanmar

Road to Perdition (2002)

IMDb Rating – 7.7/10 

Directed By Sam Mendes 

α€Ÿိုးတစ်α€”ှα€…်α€€1917α€”ဲ့ ထ‌တော်ထောင်α€™ြင်ခဲ့တဲ့၊ 2000ခုα€”ှα€…်α€™ှာ American Beautyα€”ဲ့ Best Directorဆုရခဲ့တဲ့၊ α€œα€€်α€›ှိဂျိα€™်းα€…်α€˜ွα€”်း α€€ားတွေα€›ဲ့ α€’ါα€›ိုα€€်တာα€–ြα€…်တဲ့ α€›ိုα€€်α€žα€™ျှ ထကုα€”်ထောင်α€™ြင်ခဲ့တဲ့ Sam Mendesα€€ြီးα€›ဲ့ α€œα€€်α€›ာα€Ÿောင်းပါပဲ။Castတွေα€”ဲ့α€€ Tom Hanks,JuDe Law, α€œα€€်α€›ှိဂျိα€™်းα€…်α€˜ွα€”်းမင်းα€žား Daniel Craigα€”ဲ့ တစ်ချိα€”်α€€ မင်းα€žားα€€ြီး Paul Newmanတို့ပါပဲ။ဇာတ်α€€ြောင်းကတော့ 1930၀န်းα€€ျင်α€€ ထမေα€›ိα€€α€”်ဂန်းစတားတွေ ထကြောင်း α€žူတို့α€›ဲ့ ထရှုပ်တော်ပုံတွေထကြောင်းပါပဲ။ α€–ြα€…်ရပ်α€™ှα€”်α€€ို α€™ြα€…်α€–ျားခံထားပြီး α€”ာα€™α€Š်α€€ျော်ဂန်းစတားα€€ြီး α€‘α€š်ကပုα€”်းα€”ဲ့တောင် α€”α€Š်းα€”α€Š်း ချိတ်ဆက်α€”ေα€α€š်။Sam Mendesα€€ားα€€ို α€…ီα€”ီα€™ာတိုရပ်α€–ီ ထတော်α€œှပါα€α€š်α€œို့ ပြောα€›α€™ှာα€€ α€™ိ‌α€€ျောင်းမင်းα€›ေခင်းပြα€žα€œိုပါပဲ။ ထစကနေ ထဆုံး α€›ုပ်α€›ှင်ဓာတ်ပုံα€•α€Šာα€žုံးထားတာတွေα€Ÿာ ပစ်α€€ြွေချင်α€…α€›ာα€€ောင်းထောင် α€œှα€α€š်။α€’ီα€›ုပ်α€›ှင်α€€ ထဖေα€”ဲ့α€žားဆက်ဆံα€›ေးα€€ြောင့်α€žူ့ခေတ်α€žူ့ထခါα€€ တစ်ချို့α€€ Godfatherα€”ဲ့ α€”ှိုင်းခဲ့α€€ြပါα€α€š်။ α€”ှိုင်းα€›α€œောα€€်ထောင် α€™α€Ÿုတ်ပေα€™ဲ့ α€žူ့α€”α€Š်းα€žူ့α€Ÿα€”်α€”ဲ့ α€™ှတ်α€€ျောα€€်တင် α€”ိုင်ခဲ့တဲ့ ဂန်းα€›ုပ်α€›ှင်α€€ားတစ်α€€ားα€œို့ဆိုα€”ိုင်α€α€š်။ ဂန်းα€€ားα€€ောင်းα€€ောင်းတွေ မထွα€€်တဲ့ α€’ီα€˜α€€်α€”ှα€…်တွေထတွα€€် ထဆာပြေα€…ေα€”ိုင်α€™α€š့် α€€ားα€Ÿောင်းတစ်α€€ားပါပဲ။

(α€’ီဇာတ်α€œα€™်းα€›ဲ့ α€‘α€Šွှα€”်းα€”ဲ့ α€˜ာα€žာပြα€”်α€›ေးα€žားပေးα€žူကတော့ WiRa Aung α€™ှα€–ြα€…်ပါα€α€š်။) 

Comments