Predator (1987)


Download α€œုပ်α€›α€”် ➤➤ Download (720p)

Telegram Link ➤➤ Download (720p)

Myanmar Subtitle

Credit to Channel Myanmar 

01 - Predator (1987)

02 - Predator 2 (1990)

03 - Alien vs Predator (2004)

04 - AVPR Aliens vs Predator-Requiem (2007)

05 - Predators (2010)

06 - The Predator (2018)

07 - Prey (2022)

Predator (1987)

IMDb Raing (7.8) / Rotten Tomatoes (80%)

Jim Thomas α€”ဲ့ John Thomas တို့α€”ှα€…်α€šောα€€်α€žား α€‘α€žα€€်α€žွင်းခဲ့တဲ့ Predator (ထမဲα€œိုα€€်α€žားα€›ဲ) α€›ဲ့ ပထမဆုံးဇာတ်α€€ားα€€ို တင်ဆက်α€œိုα€€်ပါα€α€š်။ α€žူတို့α€›ေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်α€€ Hunter (α€™ုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ α€’ီဇာတ်α€€ားα€€ ဝေα€–α€”်α€™ှုတွေα€”ဲ့ ချီးα€€ျူးα€™ှုတွေ α€α€œှေα€€ြီး ရခဲ့α€žα€œို αα‰αˆα€ ခုα€”ှα€…်တွေα€›ဲ့ ထကောင်းဆုံး α€›ုပ်α€›ှင်တွေထဲα€€ တစ်ခုα€–ြα€…်ပြီး α€žိပ္ပံα€…ိတ်α€€ူးα€šα€‰်ဇာတ်α€€ားတွေα€›ဲ့ ဂန္တဝင်α€…ာရင်းဝင်ခဲ့ပါα€α€š်။α€’ီဇာတ်α€€ားα€›ဲ့ ထောင်α€™ြင်α€™ှုα€€ြောင့် Predator ဇာတ်α€€ားတွေ ထများα€€ြီးဆက်ထွα€€်α€œာခဲ့တာα€™α€œို့ α€™α€œွတ်တမ်း α€€ြα€Š့်α€›ှုα€žα€„့်တဲ့ ဇာတ်α€€ားပါ။ Generation X α€”ဲ့ Y တို့α€€ြားα€™ှာ α€›ေပန်းα€…ားခဲ့ပြီး α€™α€€ြα€Š့်α€›α€žေးတဲ့α€žူα€€ တောα€žားထဖြα€…် α€žα€်α€™ှတ်ခံခဲ့α€›α€–ူးတာα€™ျိုးပေါ့‌α€—ျာ။ ၁၅ α€žα€”်း α€‘α€žုံးပြုခဲ့ပြီး α‰αˆ α€žα€”်းα€€ျော် ပြα€”်ရခဲ့တဲ့α€€ားပေါ့။ α€žူ့α€”ောα€€်α€™ှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) α€”ဲ့ Prey (2022) တို့ α€‘α€žီးα€žီး ထွα€€်α€›ှိခဲ့ပါα€α€š်။ α€™ှီငြα€™်းဇာတ်α€€ားထဆက်တွေထနေα€”ဲ့ Alien vs. Predator α€”ှα€…်α€€ား ထွα€€်ခဲ့ပါα€žေးα€α€š်။ Alien vs. Predator (2004) α€”ဲ့ Alien vs. Predator: Requiem (2007) တို့ပါ။α€™ျα€€်α€”ှာα€–ုံးα€…ွပ်α€€ြီးတပ်ပြီး ပုခုံးပေါ်α€™ှာ ထမြောα€€်ပါတဲ့ α€€ိုα€š်ပျောα€€်α€œူα€žα€်α€žα€™ား ဂြိုα€Ÿ်α€žားα€€ြီးα€€ို ပရိα€žα€်α€€ α€”ှα€…်ထောင်းထားα€› α€€ြိုα€€်α€”ှα€…်α€žα€€်ခဲ့α€€ြတာပေါ့α€œေ။ဇာတ်α€œα€™်းထကျဉ်းကတော့ α€›ုα€›ှားဩဇာခံα€”ိုင်ငံတစ်ခုα€€ ထမေα€›ိα€€ားα€€ို α€€ျူးα€€ျော်α€œာα€™α€š့်α€˜ေးα€€ို တားဆီးချင်တဲ့ α€…α€…်α€žားα€Ÿောင်းα€€ြီး CIA ထေးဂျင့်α€€ ထာα€”ိုးတို့ ထထူးတပ်α€–ွဲ့α€€ို α€œံα€€ြုပ်ဇာတ်α€œα€™်းဆင်ပြီး တောထဲထပါခေါ်ခဲ့α€›ာα€€ စပါα€α€š်။ တောတွင်းချီတက်ပုံတွေα€”ဲ့ စခန်းα€žိα€™်းတိုα€€်ပွဲတွေထပြီးα€™ှာ ထာα€”ိုးတို့ထဖွဲ့α€€ို ထမဲα€œိုα€€်α€žူα€€ြီးα€€ တစ်α€šောα€€်ချင်း ထမှα€Š့်ချွေα€œာတဲ့ထခါα€™ှာတော့ ထားမတန်တဲ့ ဂြိုα€Ÿ်α€žားα€€ြီးα€€ို ထတောင်α€žုံးα€†α€š်ဝတ် မင်းα€šောα€€်ျားα€€ြီးတွေ ပြα€”်α€œှα€”်ခုခံα€€ြပုံတွေα€€ ထံ့မခန်း α€œα€်ဆတ်α€”ုပျိုα€”ေဆဲα€–ြα€…်တာα€™α€œို့ α€€ိုα€š့်α€›ဲ့ Device ထဲα€™ှာ α€žိα€™်းထားα€žα€„့်တဲ့ Old but Gold α€–ြα€…်ပါα€€ြောင်း။(α€›ုပ်α€›ှင်α€‘α€Šွှα€”်းα€”ဲ့α€˜ာα€žာပြα€”်α€€ို Arr Khun Winchester α€™ှ တင်ဆက်ထားပါα€α€š်။)

Predator ဇာတ်α€€ားထကုα€”်α€œုံးα€€ို α€’ီα€™ှာ Link α€™ှာ α€€ြα€Š့်ပါ။

Comments